
E.M Total Video Converter 3.50

ဘလော့တွင် Scroll Box ထည့်နည်း
<div style="border: 3px solid green; overflow: auto; height: 100px; width: 150px; color: black; background-color: white;">YOUR TEXT HERE</div>
Border: 3px solid green
အဲဒါလေးက ဘာပြောလဲ ဆိုတော့ Box အစိမ်းရောင်လေး တစ်ခုလုပ်မယ်. ဘောင်ကို 3 pixel အထူပေးမယ်လို့ ဆိုလိုပါတယ်. အရောင်တွေ အမျိုးမျိုး ပြောင်းယူနိုင်ပါတယ်။
height:100px , width:150px
ဒါလေးကတော့ Box လေးရဲ့ အမြင့်နဲ့ အကျယ်ကို ပြောပါတယ်. နံပါတ်လေးတွေကို လိုသလို ကစားကြည့်ပြီး ကိုယ့်စိတ်ကြိုက် Box အရွယ်အစားလေးကို ဖန်တီးယူနိုင်ပါတယ်။
color:black
အထက်ပါကတော့ Box လေးထဲမှာ ပေါ်မည့် စာသားတွေရဲ့ အရောင်ပါ။ Red, Orange, Green စသဖြင့် စိတ်ကြိုက်ပြောင်းပေးနိုင်ပါတယ်။
background-color:white
ဒါကတော့ box လေးရဲ့ နောက်ခံ Background အရောင်ပါ.ကိုယ်ရွေးချယ်တဲ့ နောက်ခံ အရောင်နဲ့ Text အရောင်ကို လိုက်ဖက်အောင် ရွေးချယ်ပေးသင့်ပါတယ်. ဥပမာ. အဖြူနောက်ခံမှာ အမည်းစာလုံးပေါ်အောင် လုပ်သလိုမျိုးပေါ့ဗျာ။အားလုံးပဲ Scholl Box လေးတွေကို လှလှပပကြီးကို လုပ်နိုင်ကြပါစေ။
Myanmar Blogger Help Desk မှတစ်ဆင့်
လူဘ၀ ဟူသည် ခရောင်းလမ်း ပမာ ကြမ်းတမ်းလှ၏ .
လူ့ဘ၀ခရီး ဟူသည် ခရောင်းလမ်းပမာ ကြမ်းတမ်းလှ၏ ဟုဆိုကြသည် ။ ဘ၀ခရီးလမ်း တစ်လျှောက်မှာ အခက်အခဲတွေ ၊ ဘေးဒုက္ခနှင့် ကံဆိုးမိုးမှောင်မှုတွေ ကြုံရမည် ၊ နည်းနည်းပါးပါးကြုံသူရှိမည် ။ ဘေးဒုက္ခနှင့် ကင်းလွတ်သူဟူ၍ မရှိနိုင် ။ သည်လိုပင် ကျွန်တော်တို့ နားလည်ထားကြပါသည် ။ သို့သော် နားလည်ခြင်းက တစ်ကဏ္ဏဖြစ်၏ ။ကံကြမ္မာဆိုး ဟူသည်ကိုကိုယ်တိုင် ရင်ဆိုင်တိုးရသောအခါ ၌ကား …..ပရိဟေတ - ချစ်သူနဲ့ ကွေကွင်းရခြင်း ဆင်းရဲတဲ့ ။ချစ်သောသူ တစ်စုံတစ်ယောက်မျက်စိအောက်မှ ရုတ်တရတ် ကွယ်ပျောက်သွားတဲ့ အခါ ၊အချိန်မတန်မီမှာ နှုတ်ဆက်သတိ မပေးပဲ ခွဲခွာပြေးသောအခါ ၊ နေ့လည်ကြောင် တောင်တောင် နေရောင်ကွယ် ပျောက်သလို ကျွန်တော်တို့ ဘ၀ မှောင်အတိ ကျရသည် ။တစ်လောကလုံးမှာ ငါ့ဘ၀တစ်ယောက်တည်းသာ ကွယ်၍ မှောင်မိုက်လေသည်လား ၊
လောကဓံသည် ငါ့ကိုသာ သဲသဲမဲမဲ ရိုက်ပုတ်လေသည်လား ။ ငါသာဒုက္ခသတ္တ၀ါ ၊ ငါ့ဘ၀ ခရီးသည်သာ ခရောင်းလမ်းခရီး ။ ကျွန်တော်တို့အာရုံတွေသည် ငါထဲကမထွက်နိုင်တော့သနားစရာငါထဲက မထွက်နိုင်တော့ ။ သနားစရာ `ငါ´ကလေးအတွက်ကျွန်တော် တို့ကြေကွဲ မဆုံးနိုင်တော့ပါ ။ စင်စစ် ကျွန်တော်တို့ ချည်းသာမဟုတ်ပါ ။ပတ်ဝန်းကျင်မှာကြည့်ပါ ။ ကြေကွဲသူတွေ ၊ ပရိဒေ၀တောက်လောင်သူတွေ ၊ နှလုံးသည်းပွတ်ကို ခွဲထုတ်ပေးလိုက်ရသလို ခံစားရသူတွေ ၊ ခံစားဖူးသူတွေ ။နံဘေးမှ ဖြတ်သန်းသွားသူတိုင်း ၏ မျက်နှာမှာ အလွမ်းဇတ်လမ်းကိုယ်စီ ရေးထားသည်ကိုမြင်ရလိမ့်မည် ။ လောကကြီးကား လွမ်းဆွတ်ကြေကွဲစရာတွေ ချည်းအစဉ်မပြတ်တွေ့ ရမည်လော ။ မဟုတ်ပါ ။ လောကဓံတရားဟုခေါ်သည့် လောက၌ အမြဲရှိနေ သော တရားရှစ်ပါး ရှိသည် ။ ပစ္စည်း ဥစ္စာ ရခြင်း မရခြင်း ၊ အခြံအရံ ရှိခြင်း မရှိခြင်း ၊ ကဲ့ရဲ့ ခံရခြင်း ၊ချီးမွမ်း ခံရခြင်း ၊ ချမ်းသာခြင်း ဆင်းရဲခြင်း ။ အကောင်းလေးပါး ၊ အဆိုးလေးပါး ။လောကဓမ္မတာတရားသည် အကောင်းအဆိုးမျှတသော သဘောရှိပါသည် ။ လောကလူသားမှန်သမျှ အကောင်းရော အဆိုးပါ ကြုံကြရမည်သာဖြစ်ပါသည် ။
မိမိတစ်ဦးတည်းမဟုတ် ။ ငါချစ်သော သူသာ သေသည် ၊ သူချစ်သောသူ မသေ ဟူ၍ မဟုတ်။ သေဆုံးသောသားအတွက် ပရိဒေ၀မီး တောက်လောင်သော ကိသာဂေါတမီ သည်လူမသေဖူးသောအိမ်မှ မုန်ညင်းစေ့ကို လိုက်ရှာရင်း လောကလူသားမှန် သမျှကြုံ့တွေ့ရမည့်ဓမ္မတာတရားကို သိမြင်ခဲ့သည် ။ ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ ကြေကွဲဖူးသူ ၊ ပရိဒေ၀ တောက်လောင်ဖူးသူ ၊ နှလုံးသားဆုံးပါးသလို ခံစားဖူးသူချည်းပင် ။ သို့သောလောကကား မိမိချည်း တစ်ဖက်သက် ပေးရသောလောက မဟုတ် ။ ၀မ်းနည်းကြေကွဲ ရသလို ၀မ်းသာကြည်နူးခြင်း လည်း ရှိ၏ ။ ရင်ကွဲပတ်လက် ဖြစ်ရခြင်းရှိသလို ဟက်ဟက်ပက်ပက်ရယ်မောရခြင်းလည်းရှိ၏ ။ ဆင်းရဲခြင်းလည်းရှိသလို ချမ်းသာခြင်းလည်းရှိသည် ။ သေဆုံးခြင်းရှိသလို မွေးဖွားခြင်းလည်းရှိသည် ။
လောကဓံတရားများ ကြောင့် ဘ၀ဟူသည် ခရောင်းလမ်းပမာ ကြမ်းတမ်းသည်ဟုမြင်နိုင်ကြ၏ ။ သို့သော်လောက ဓံတရားများကြောင့်ပင် လောကဟူသည် ပျော်ပိုက်နေထိုင်စရာ ဖြစ်လာရပေသည် ။
Format Factory Portable Total Converter 2.10

