ကျွန်တော်အောက်မှာပေးထားတဲ့ mediafire link မှ တစ်ဆင့် ဒေါင့်လော့ဒ် ယူပြီး ViGlance OneStep ဆိုတာလေးကို run ပေးလိုက်တာနဲ့ start buttom ကစပြီး taskbar တစ်ခုလုံးကို window 7 လိုပြောင်းလဲ ပေးလိုက်ပါလိမ့်မယ်။

ကျွန်တော်အောက်မှာပေးထားတဲ့ mediafire link မှ တစ်ဆင့် ဒေါင့်လော့ဒ် ယူပြီး ViGlance OneStep ဆိုတာလေးကို run ပေးလိုက်တာနဲ့ start buttom ကစပြီး taskbar တစ်ခုလုံးကို window 7 လိုပြောင်းလဲ ပေးလိုက်ပါလိမ့်မယ်။

အင်တာနက်ရာဇ၀တ်မှုပုံစံများ
ကလေးတွေနဲ့ ဆယ်ကျော်သက်တွေအပေါ် အင်တာနက်ရာဇ၀တ်ကောင်တွေသုံးတဲ့ ပုံစံတွေက-
(၁) လိင်ကိစကို ကျူးလွန်ဖို့ Online က တစ်ဆင့် မြူဆွယ်ဖြားယောင်းခြင်း။
(၂) Child Pornography ခေါ်တဲ့ ကလေးညစ်ညမ်းဗီဒီယိုတွေ၊ ဓာတ်ပုံတွေကို ထုတ်လုပ်ရောင်းချခြင်း။
(၃) အင်တာနက်ကိုအသုံးချပြီး ညစ်ညမ်းဗွီဒီယိုတွေ၊ ဓာတ်ပုံတွေကို ဖြန့်ဝေခြင်းနဲ့ ကျန်အင်တာနက်
အသုံးပြုသူတွေကိုပါ ဒီလို ညစ်ညမ်းကိစတွေကို ဖလှယ်ဖို့ မြူဆွယ်ခြင်း။
(၄) စီးပွားရေး အကျိုးအမြတ်အတွက်သော်လည်းကောင်း၊ တစ်ကိုယ်ရေ အကျိုးအမြတ်အတွက်သော်လည်း ကောင်း၊ လိင်ဆိုင်ရာ တရားမ၀င်မှုတွေကို အကောင်အထည်ဖော်ဖို့ ကလေးငယ်တွေကို အမြတ်ထုတ် အသုံးချခြင်း စသဖြင့်ဖြစ်သည်။
(၅) အင်တာနက်ကို အသုံးပြုတာဖြစ်တဲ့အတွက် ရာဇ၀တ်ကောင်တွေအနေနဲ့ ရာဇ၀တ်မှုကို အကောင် အထည်ဖော်ဖို့ လူငယ်တွေနဲ့ တိုက်ရိုက်တွေ့ဆုံဆက်ဆံစရာမလို။ ဒါ့အပြင် ကလေးတွေနဲ့ လူငယ်တွေရဲ့ ဓာတ်ပုံတွေကို လိင်ဆိုင်ရာ ညစ်ညမ်းပုံတွေမှာ ကွန်ပျူတာဒီဇိုင်းပညာသုံးပြီး ရောစပ်ဖန် တီးကာ ဖြန့်ဝေကြတယ်။ ဒီလိုဖြန့်ဝေနေပါလားဆိုတာကို အသုံးချခံရသူ လူငယ်တွေအနေနဲ့ သိတောင် မသိကြပါဘူး။
(၆) အင်တာနက်ရာဇ၀တ်မှုတွေဟာ နှစ်ပေါင်းများစွာတာရှည်ခံကြပါတယ်။ ကလေးငယ်တစ်ယောက်ရဲ့ ဓာတ်ပုံကို အင်တာနက်ပေးတင်လိုက်တာနဲ့ တစ်ပြိုင်နက် အဲ့ဒီပုံဟာ တစ်ဆင့်ပြီးတစ်ဆင့်ပျံ့သွားပြီး နှစ် ပေါင်းများစွာကြာအောင် Online ပေါ်မှာ ရှိနေကြတယ်။ အင်တာနက်ပေါ်မှာဆိုတော့ ပုံအရည်အသွေး လည်း မပျက်တော့ဘူး။
(၇) အင်တာနက်ရာဇ၀တ်မှုတွေဟာ နယ်နမိတ်တွေအများကြီးကို ကျော်ဖြတ်နိုင်သလို နိုင်ငံပေါင်းစုံက လူတွေဟာလည်း ဒီရာဇ၀တ်မှုတွေမှာ နာမည်အတုတွေနဲ့ ပါဝင်ပတ်သက်နေကြတယ်။ အသုံးချခံရမယ့် ကလေးငယ်တွေရဲ့ နေရပ်လိပ်စာဟာ ရာဇ၀တ်ကောင်တွေအတွက် အရေးမကြီးပါဘူး။
(၈) အင်တာနက်ရာဇ၀တ်မှု ကျူးလွန်ခံရသူတွေဟာ များသောအားဖြင့် သူတို့ရဲ့အဖြစ်မှန်ကို တခြားဘယ်သူ မှ မပြောပြကြပါဘူး။ အင်တာနက်ကတစ်ဆင့် အပြင်မှာပါ မတရားပြုကျင့်ခံရတဲ့ လူငယ်နဲ့ ကလေးတွေ ဟာ သူတို့ရဲ့အဖြစ်မှန်ကို မိဘတွေ ဆရာတွေကို ပြောပြသင့်ပေမယ့် မပြောပြဘဲ မြုံပြီး ကြိတ်ခံစားနေ ကြတာများပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးဟမ့်ရှိုင်းယားတကသိုလ်မှာ Crimes Agaist Children Research Center ဆိုတဲ့ ဌာနရှိတယ်။ အဲ့ဒီဌာနရဲ့ ဒါရိုက်တာဒေါက်တာဒေးဗစ်ဖင်ကယ်လ်ဟော ဦးဆောင်ပြီး အင်တာနက် ရာဇ၀တ်မှုစစ်တမ်းထုတ်ခဲ့ရာမှာ တွေ့ရှချက်တချို့ခဲ့တယ်။
အင်တာနက်ရာဇ၀တ်မှုဆိုင်ရာ တွေ့ရှိချက်များ
- လွန်ခဲ့တဲ့နှစ်က လူငယ်ငါးဦးမှာ တစ်ဦးဟာ လိင်ကိစကျူးလွန်ဖို့ ဖြားယောင်းမှုခံခဲ့ရတယ်။
- လူငယ် (၃၃) ဦးမှာ တစ်ဦးဟာ လိင်ကိစဆိုင်ရာ အနိုင်ကျင့်မှု ခံခဲ့ရတယ်။
- လူငယ် (၄) ဦးမှာ တစ်ဦးဟာ ၀တ်လစ်စလစ်ပုံတွေကို Email သို့မဟုတ် အင်တာနက်က တစ်ဆင့် လက်ခံရရှိခဲ့တယ်။
- လူငယ် (၁၇) ဦးမှာ တစ်ဦးဟာ အခြိမ်းအခြောက်ခံရတယ်။
- ဖြစ်ခဲ့တဲ့ ရာဇ၀တ်မှုတွေနဲ့ပတ်သက်ပြီး ခံရသူလူငယ်တွေဟာ ရဲဝန်ထမ်းတွေကို မတိုင်ကြားခဲ့ ကြဘူး။
- ရာဇ၀တ်မှုရဲ့သားကောင်ဖြစ်ခဲ့ရသူ လူငယ်စုစုပေါင်းရဲ့ (၂၅) ရာခိုင်နှုန်းကသာ အဖြစ်မှန်ကို မိဘတွေထံ ဖွင့်ပြောခဲ့ကြတယ်။
- အိမ်တွေမှာ အင်တာနက်သုံးစွဲသူ မိဘအရေအတွက်ရဲ့ သုံးပုံတစ်ပုံကသာ ညစ်ညမ်းကိစတွေကို တားဆီတဲ့ Blocking Software တွေ တပ်ဆင်ထားကြတယ်။
ဒီအဖြစ်အပျက်တွေဟာ အစစ်အမှန်တွေပါ။ အင်တာနက်သုံးသူ လူငယ်တွေ စဉ်းစားဆင်ခြင်ကြည့်ကြဖို့ လိုပါတယ်။
မောင်ဒေး
(မှတ်ချက်။ ။ ဆရာမောင်ဒေးရဲ့ “လူငယ်၊ နည်းပညာနှင့်အင်တာနက်ရာဇ၀တ်မှုများ” ဆောင်းပါးကို
၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလထုတ်၊ အမှတ် (၁၃) ချင်းတွင်းမဂ္ဂဇင်းမှ
ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသဖြင့် စာရေးသူ၏ အာဘော်နှင့် ဆိုလိုရင်းအတိုင်းပင်ဖြစ်တယ်လို့
ပြောချင်ပါတယ်။)

<embed pluginspage="http://www.microsoft.com/Windows/MediaPlayer/" controltype="2" autostart="1" showstatusbar="1" type="application/x-mplayer2" height="50" src="http://wma2.viastreaming.net/APYTZ" id="music1" width="220" showcontrols="1" name="MediaPlayer1"></embed>

ဖန်းတီးရှင်-မောင်သက်©2008
ဆက်သွယ်ရန်- thettunoo95@gmail.com