ဘလော့ဂ်တစ်ခု တည်ဆောက်ရန်အတွက် သင့်ထံတွင် Google Account သို့မဟုတ် Gmail Account တစ်ခု ရှိရန်
လိုအပ်ပါသည်။ Google Account ကို ဒီနေရာမှာ ရယူနိုင်သည်။
https://www.google.com/accounts/ManageAccount
အဆင့် (၂)
First Step to Blog
WWW.blogger.com ကိုသွားပါ။ သင်၏ Google Account နှင့် စကားဝှက်ကို ထည့်သွင်းပါ။
Name Your Blog
သင်၏ဘလော့ဂ်အတွက် နာမည် (Blog Title)၊ လိပ်စာ (Blog Address) စသည်တို့ကို ထည့်သွင်းပါ။ဘလော့ဂ် နာမည်မှာထိုဘလော့ဂ်ကိုကိုယ်စားပြုသောနာမည်ဖြစ်လျှင် ပိုကောင်းပါတယ် ။ပြီးတော့ခပ်တိုတိုပေးခြင်းက
ပိုပြီး အဆင်ပြေစေပါသည်။ ထိုအရာများမှာ အချိန်မရွေး ကိုယ်နှစ်သက်သလို ပြောင်းလဲနိုင်သည်ကိုနောက်ပိုင်း သက်ဆိုင်ရာ အခန်းတွင် ရှင်းပြသွားပါမည်။
အထက်မှာပြထားတဲ့ ပုံအတိုင်းပါပဲ။ တွေ့ရတဲ့ blog Address (url) ဆိုတဲ့နေရာမှာ ကိုယ်ဟာသလိုကြိုက်တဲ့ လိပ်စာပေး၊ ပြီးရင်တော့ check Availability ဆိုတဲ့ စာပေါ်မှာ click ပေးပါ ။ check Availability ကို click ပေးတဲ့ အကြောင်းက ကိုယ်လိုချင်တဲ့ လိပ်စာ ရ၊မရ ကိုစစ်တာပါ ။ အားလုံးပြီးပြီ ဆိုလျှင် Continue ကိုနှိပ်ပါ ။ ။အဆင့် (၄)
Choose Template
ထိုအဆင့်တွင် ကိုယ့်ဘလော့ဂ်၏ အသွင်အပြင် ပုံသဏ္ဍာန် Template ကိုရွေးချယ်ပေးရမည် ဖြစ်သည်။ ကိုယ်နှစ်သက်သော နောက်ခံအရောင်၊ စာသား အထားအသို စသည်တို့နှင့် ကိုက်ညီသော Templateတစ်ခုကိုရွေးချယ်ရန် Mark လုပ်ပေးရမည် ဖြစ်သည်။ ရွေးချယ်ပြီးလျှင် Continue ကိုနှိပ်ပါ။ ထိုအခါ အောက်ဖော်ပြပါ
ပုံတွင် တွေ့ရသကဲ့သို့ သင့်တွင် ဘလော့ဂ်တစ်ခု ဖန်တီးပြီးဖြစ်ကြောင်း အသိပေးမည် ဖြစ်သည်။ စာစတင် ရိုက်သွင်းရန်အတွက် အောက်ခြေမှ Start Posting ဆိုသည်ကို နှိပ်ပေးရန် လိုအပ်ပါသည်။
အဆင့် (၅)အမှန်စစ်စစ် အဆင့်လေးတွင် ယေဘုယျ ဘလော့ဂ်တစ်ခု ဖန်တီးခြင်းလုပ်ငန်း ပြီးဆုံးပြီဖြစ်သည်။ သို့ရာတွင် အဆိုပါ StartPosting ကိုနှိပ်လိုက်ပါက အောက်ပါ စာမျက်နှာကို မြင်ရမည် ဖြစ်သည်။ တဆက်တည်း မြင်သာထင်ရှားစေရန် ပထမဆုံး စာမူတစ်ခုကို စမ်းသပ် တင်ကြည့်ပါ။

အထက်ပါပုံတွင် အပြာရောင် ပြထားသော နေရာတွင် သင်ရိုက်လိုသော စာသားများကို ရိုက်ရန် ဖြစ်ပါသည်။ ပြီးလျှင်အောက်ဆုံးမှ အစိမ်းရောင်နှင့် ပြထားသော Publish Post ဆိုသည့် ခလုတ်ကို နှိပ်ပေးရမည် ဖြစ်သည်။ ထိုအခါ တွင်ပထမဆုံးပိုစ့် (စာမူတစ်ခု) web ပေါ်သို့ တင်ပြီးသွားပြီ ဖြစ်ကြောင်းကို အောက်ပါအတိုင်း အကြောင်းကြားပါလိမ့်မည်။
ထိုအဆင့် ပြီးဆုံးသွားလျှင် View Blog ဆိုသည်ကို နှိပ်ကြည့်ခြင်းဖြင့် သင်၏ ဘလော့ဂ်ကို အင်တာနက် စာမျက်နှာပေါ်တွင် အောက်ပါကဲ့သို့ တွေ့ရမည် ဖြစ်ပေသည်။
ပထမအဆင့် သာမန်ဘလော့ဂ်တစ်ခု တည်ဆောက်ခြင်း လုပ်ငန်း ပြီး၏။နောက်ပိုင်းမှာလည်းစိတ်ဝင်စားစရာလေးတွေနဲ့တင်ဆက်ပေးသွားပါမယ် ။ ။