Posting > Create (or)New Post

ပုံ - post အသစ်တင်ခြင်း
အထက်ပါပုံတွင် ပိုစ့်တစ်ခုတင်ခြင်းနှင့် ပတ်သတ်သော အရာအားလုံးကို ပြသထားပါသည်။ ကိုယ်ရိုက်ချင်သော စာသားများကို အပြာရောင် ပြထားသော နေရာတွင် ရိုက်ရပါမည်။ မြန်မာလို စာသားထည့်သွင်းခြင်းများအတွက် ဘလော့ဂါ အများစုက ဇော်ဂျီ ကီးဘုတ်နှင့် ဖောင့်ကို အသုံးပြုကြသည်။ ယင်းအကြောင်းကို နောက်ပိုင်း အခန်းတွင် ဆက်ရှင်းပြပါမည်။ စာရိုက်ပြီးသွားလျှင် မိမိ၏စာနှင့် သက်ဆိုင်သော ခေါင်းစဉ်ကို Title နေရာတွင် တပ်ပေးရပါမည်။ Labels ဆိုသည်မှာ ကိုယ်ရေးထားသော စာနှင့်ကိုက်ညီသော နာမည်တစ်ခု ဖြစ်သည်။ ဥပမာအားဖြင့် ကိုယ်က ခရီးသွားအတွေ့အကြုံတစ်ခု ရေးသားသည်ဆိုလျှင် Travel လိုနာမည်မျိုး ပေးခြင်း ဖြစ်သည်။ ယင်းလေဘယ်လ် ပေးခြင်းသည် နောက်ပိုင်းတွင် မိမိ၏ ပိုစ့်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက်
လေဘယ်များကို သတိမမေ့စေဘဲ မှတ်မှတ်သားသား ပေးသင့်သည်။ စာသားများကို ဘယ်ကပ်၊ ညာကပ်၊ Text Alignment များပြုလုပ်လိုလျှင်လည်း Text Editor တွင်လွယ်ကူစွာ ပြောင်းလဲနိုင်သည်။ အားလုံး ပြီးသွားသော်လည်း စာကို အင်တာနက်ပေါ်သို့ ချက်ချင်း မတင်ချင်သေးဘူးဆိုလျှင် Save Now ဟူသော ခလုတ်ကို နှိပ်ခြင်းဖြင့် သိမ်းထားနိုင်သည်။ ထိုသို့မဟုတ်ဘဲ ချက်ချင်း အင်တာနက်ပေါ် တိုက်ရိုက် တင်မည်ဆိုလျှင် Publish Post ဆိုသည်ကို နှိပ်လိုက်သည်နှင့် မိမိစာသည် ဘလော့ဂ်ပေါ် တင်ပြီးသား ဖြစ်သွားပေလိမ့်မည်။ပြန်လည်ခွဲခြားရာတွင် အထူးအရေးပါသည်။ထို့ကြောင့် စာတစ်ပုဒ် ရေးပြီးတိုင်းတွင် ယင်းစာနှင့် ပတ်သတ်သော
ယင်းသို့ စာရိုက်ရာတွင် ပုံများကိုလည်း ပူးတွဲ တင်ပြနိုင်သည်။ ယင်းသို့ ပုံတင်ရာတွင် ၂မျိုးရှိသည်။ မိမိ၏ ဘလော့ဂါ အကောင့်မှ ပုံကို မိမိဘလော့ဂ်တွင် တင်ခြင်းနှင့် ဘလော့ဂါမဟုတ်သော အခြားအကောင့်မှပုံကို မိမိဘလော့ဂ်တွင် တင်ခြင်းဟူ၍ ဖြစ်သည်။
မိမိ၏ ဘလော့ဂ် အကောင့်တွင် တိုက်ရိုက်တင်ခြင်း


