ပြန်လည်နေရာချထားရေး ဆိုလို့ နာဂစ်လို့သွားပြီးမထင်ပါနဲ့ဗျာ။ မနက်က ကွန်ပျူတာကို သန့်ရှင်းရေးလုပ်နည်းလေးတင်ပေးလိုက်လို့ အခု ကွန်မင်းနဲ့ နေရာချတာလေးတင်ပေးလိုက်တာပါ။

Start ကနေ All program ပေါ် Mouse လေးကို တင်လိုက်လျှင် ဘေးမှာ အခြား column လေးတစ်ခုထွက်လာလိမ့်မယ်။ အဲ့ဒီမှာ Accessories ဆိုတာကနေ System tools ပြီးတော့ Disk defragmenter ကို ရွေးလိုက်ပါ။
ဒါမှမဟုတ် My computer ကို R-click နှိပ်ပြီးတော့ Tools မှလည်းသွားနိုင်ပါတယ်။
Disk defragmenter ဆိုတာပေါ်လာရင် Drive C ကို ရွေးပြီး အောက်မှပြထားတဲ့ Defragment ကို ရွေးလိုက်တာနဲ့ စီဒရိုက်ထဲက ဖိုင်းကလပ်စတာတွေကို စ,စီပေးတာတွေ့ရမယ်။ 10 မိနစ်ကနေ နာရီအချို့ကြာအောင် အချိန်ပေးလွှထားရမယ်။ တလလုံး တခါမှ ဒီလိုမလုပ်ခဲ့ဘူးတဲ့ စက်ဆိုရင်တော့ ရုံးကနေ ညနေအိမ်ပြန်ခါနီးလုပ်ထားသွားရမယ်။ နောက်မနက်ပြန်လာမှ ဆက်လုပ်ပါ။ ဟက်ဒရိုက်ပိုကြီးရင်လဲပိုကြာမှာဘဲပေါ့။ဒရိုက်စီပြီးရင် တော့ Disk defragmenter ဆိုတဲ့ box လေးတစ်ခုပေါ်လာလိမ့်မယ်။ Close ကို ပေးလိုက်ပါ။ ဒီလိုဆိုရင် တော့ ကိုယ့် ကွန်ပျူတာကို နေရာချထားရေးလုပ်ငန်းကို ပြီးမြောက်ပါပြီ။
့