How to delete your Gmail account??
ပြည်တွင်းဈေးကွက် ပစ္စည်းပြတ်သည်အထိ အိုင်ပက်ဒ်အရောင်းသွက်

အက်ပဲလ် (Apple) ကုမ္ပဏီက ဧပြီလဆန်းတွင် စတင်ဈေးကွက်တင်ရောင်းချလိုက်သည့် အိုင်ပက်ဒ် (iPad) ကို ပြည်တွင်းဈေးကွက်တွင်လည်း ကွန်ပျူတာဆိုင်အချို့က တင်သွင်းရောင်းချခဲ့ရာ ပစ္စည်းပြတ်လပ်သည်အထိပင် အရောင်းသွက်ခဲ့ကြောင်း ရန်ကုန်မြို့ရှိ ကွန်ပျူတာအရောင်းဆိုင်အချို့မှ တာဝန်ရှိသူများကပြောကြားသည်။Lucky Bird ကွန်ပျူတာအရောင်းပြခန်းမှ ဒါရိုက်တာဒေါ်မေဖြူသွယ်က “ပစ္စည်းသစ်ဆိုတော့ ဈေးကွက်စမ်းသပ်တဲ့အနေနဲ့ ၂၅ လုံးလောက်ပဲ မေလဆန်းလောက်က အမေရိကားကသွင်းလာတာ။ တစ်ပတ်အတွင်း ၁၀ လုံးလောက်ကို ရောင်းလိုက်ရတယ်” ဟုပြောသည်။ ထို့အတူ Technoland ကွန်ပျူတာဆိုင်တွင်လည်း ဈေးကွက်စမ်းသပ်သည့်အနေဖြင့် အိုင်ပက်ဒ်ငါးလုံးကို ပြီးခဲ့သည့်မေလဆန်းတွင် စတင်ရောင်းချခဲ့ရာ တစ်ပတ်အတွင်း အကုန်ရောင်းချခဲ့ရကြောင်း ထိုပြခန်းမန်နေဂျာဒေါ်သပြေအောင်ကဆိုသည်။ “ဈေးကွက်ကိုကြည့်ရသလောက် တော်တော့ကိုအလားအလာရှိနေတယ်။ ဒါ့ကြောင့်ဒီလထဲမှာ ပစ္စည်းထပ်သွင်းနိုင်ဖို့လုပ်နေတယ်။ အရေအတွက်ဘယ်လောက်ထပ်သွင်းမလဲဆိုတာ ဆွေးနွေးနေပါတယ်” ဟု ၎င်းကပြောသည်။ ပြည်တွင်းဈေးကွက်တွင် အိုင်ပက်ဒ်ဝယ်ယူသူအများစုမှာ လူငယ်များဖြစ်ပြီး နည်းပညာအသစ်အဆန်း တစ်ခုအနေဖြင့် စိတ်ဝင်စားကြခြင်းဖြစ်ကြောင်း၊ အိုင်ပက်ဒ်ကို မရှိမဖြစ်အသုံးပြုရမည့် အရာဝတ္ထုတစ်ခုအဖြစ်ထက် ဒုတိယကွန်ပျူတာအနေဖြင့် အသုံးပြုကြခြင်းကြောင့် နုတ်ဘွတ်ခ်၊ နက်ဘွတ်ခ်များ၏ ရောင်းအားအပေါ်တွင် ထိခိုက်ခြင်းမရှိနိုင်ကြောင်းသိရသည်။ ထိုအိုင်ပက်ဒ်များတွင် လော့ခ်ဖြစ်နေသည်ကို Jail Break ပြုလုပ်၍ အလွယ်တကူလော့ခ်ဖြေအသုံးပြုနိုင်ပြီး ဆိုင်များအနေဖြင့်လည်း Jail Break ပြုလုပ်ရောင်းချပေးလျက်ရှိသည်။ ပြည်တွင်းကွန်ရက် ချိတ်ဆက်မှုအနေအထားအရ သရီးဂျီအိုင်ပက်ဒ်များထက် ၀ါယာလက်စ်နှင့် ဘလူးတုသ်ပါဝင်သည့် အိုင်ပက်ဒ်များကိုသာ ပိုမိုစိတ်ဝင်စားကြကြောင်း ကွန်ပျူတာဆိုင်များကဆိုသည်။ 16GB, 32GB နှင့် 64 GB ဟူ၍သုံးမျိုးခွဲခြားထားသည့် အိုင်ပက်ဒ်များကို တင်သွင်းရောင်းချသည့်ဆိုင်အလိုက် ဈေးနှုန်းကွာခြားမှုအနည်းငယ်ဖြစ်ပေါ်လျက်ရှိပြီး ဈေးနှုန်းမှာ ကျပ်ခြောက်သိန်းဝန်းကျင်မှ ၁၀ သိန်းဝန်းကျင်အတွင်း ရောင်းချလျက်ရှိကြသည်။ မေလကုန်အထိ ကမ္ဘာတစ်ဝှန်းတွင် အိုင်ပက်ဒ်အလုံးရေနှစ်သန်း ရောင်းချခဲ့ပြီးဖြစ်သည်။
Extract MP3 From YouTube Video
ါက်တော့ အရင်တင်ပေးဖူးတဲ့ကောင်တွေ လိုပါပဲ။ ဒါကတော့ အရင်လို Add-On လည်းမဟုတ်ဘူးပါဘူး။ online မှာ တင် Extract လုပ်နိုင်ပါတယ်။ လွယ်လည်း လွယ်ပါတယ်။ Youtube ကသီချင်း ကို Mp3 type ပြောင်းပြီး Download လုပ်ယူလို့ရတဲ့ Online tools လေးတွေပါ။ လိုအပ်ရင် စမ်းကြည့်လိုက်ပါ။http://www.video2mp3.net ဒါထက်မကလည်းရှိပါသေးတယ်ဗျ။ အရေးကြီးတာ အသုံး တည့်ဖို့ပါ။ ဒါကြောင့် လမ်းစရသွားပြီဆိုရင် ပညာရှိများ (စာဖတ်ပရိသတ်) လက်လှမ်းမှီမှာပါ။








