မိဘကျေးဇူးအကျေဆပ်နည်း


မိဘဆိုတာ ကိုယ်အပေါ်ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ မိဘဟာ မိဘပါပဲ။ မိဘက ကိုယ်အပေါ်မကောင်းခဲ့ သည်ရှိသော် မွေးကျေးဇူးကိုပင် ဘယ်အရာ နှင့် မျှနှိုင်းယှဉ်၍ ရလိမ့်မည် မဟုတ်ပါဘူး။ အဲ့ဒီမွေးကျေးဇူးကို ခင်ဗျားတို့ ကျွန်တော် တို့ တတွေ အလွဲဧကန် ဆပ်ကို ဆပ်ရလိမ့်မည်။ အရှင်ဆန္ဒာဓိက ရဲ့ စာအုပ်ထဲမှာ တွေတဲ့ဟာလေးတစ်ခုကို တင်ပေးလိုက်ပါတယ်။ဒါနဲ့ ကျွန်တော် ကိုးကွယ်တာက အစ္စလာမ်ပါ။ ကျွန်တော် စာအုပ်ဆိုရင် ပေါင်းစုံဖတ်တယ် ။ နောက်တခါကျွန်တော်ကို တစ်မျိုးထင်မှာ စိုးလို့ပါ။ခင်ဘောဘောတွေကို ပြောလိုက်ဦးမယ် စာဖတ်လို့ ငရဲ ရတယ်ဆိုတာ ဘယ်ဘာသာ တရားမှာ မှ မရှိဘူး ။ ဘာသာပေါင်းစုံကို လေ့လာသင့်တယ် ကိုယ့် အတွက် အားလုံးကို သိထားသင့်တယ်လေ။

မိဘကျေးဇူးအကျေဆပ်နည်း

စိတ်ထားမတတ်သေးတဲ့မိဘ
စိတ်ထားတတ်အောင်၊
စိတ်ထားတတ်ပြီး သားမိဘ
ပို၍ပို၍စိတ်ထားတတ်အောင်
လမ်းညွှန်ပေးမပေးရင်
မိဘကျေးဇူးကျေပါတယ်
ကုသိုလ်မလုပ်သေးတဲ့ မိဘ
ကုသိုလ်လုပ်အောင်၊
ကုသိုလ်လုပ်နေတဲ့ မိဘ
ကုသိုလ်ပို၍ပို၍တိုးလုပ်နိုင်အောင်
ကူညီပံ့ပိုးပေးရင်
မိဘကျေးဇူး ကျေပါတယ်
တရားမရှိသေးတဲ့ မိဘ
တရားရှိအောင်
စွမ်းဆောင်ဖြည့်ဆည်းပေးရင်
မိဘကျေးဇူးကျေပါတယ်။

ဘေးပေါင်းခတဲ့ မျက်ရည်


ဝမ်းသာလို့
ကျတဲ့ မျက်ရည်ဟာ
လောဘ အပူနဲ့
စိတ်ယောက်ယက်ခတ်ပြီး
ဘေးခနေပါတယ်။
ဝမ်းနည်းလို့
ကျတဲ့ မျက်ရည်ဟာ
ဒေါသအပူနဲ့
စိတ်တင်းကျပ်ပြီး
ဘေးခနေပါတယ်။
အလိုလိုကျတဲ့မျက်ရည်ဟာ
မောဟအပူနဲ့
စိတ်လွင့်မျောပြီး
ဘေးခနေပါတယ်။
အရှင်ဆန္ဒာဓိက
Related Posts with Thumbnails
 

ဖန်းတီးရှင်-မောင်သက်©2008

ဆက်သွယ်ရန်- thettunoo95@gmail.com