ဘေးပေါင်းခတဲ့ မျက်ရည်


ဝမ်းသာလို့
ကျတဲ့ မျက်ရည်ဟာ
လောဘ အပူနဲ့
စိတ်ယောက်ယက်ခတ်ပြီး
ဘေးခနေပါတယ်။
ဝမ်းနည်းလို့
ကျတဲ့ မျက်ရည်ဟာ
ဒေါသအပူနဲ့
စိတ်တင်းကျပ်ပြီး
ဘေးခနေပါတယ်။
အလိုလိုကျတဲ့မျက်ရည်ဟာ
မောဟအပူနဲ့
စိတ်လွင့်မျောပြီး
ဘေးခနေပါတယ်။
အရှင်ဆန္ဒာဓိက
Related Posts with Thumbnails
 

ဖန်းတီးရှင်-မောင်သက်©2008

ဆက်သွယ်ရန်- thettunoo95@gmail.com