၂၀၁၂ခုနှစ်မှာ ကမ္ဘာပျက်မှာလားဆိုတဲ့ မေးခွန်းရဲ့အဖြေ


မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာတလွှားက အင်တာနက် သုံးစွဲသူတွေဆီကို Forward Mailအနေနဲ့ ပျံနှံ့ရောက်ရှိနေခဲ့တဲ့ မေးခွန်းကတော “၂၀၁၂ခုနှစ်မှာ ကမ္ဘာပျက်မှာလား”ဆိုတဲ့ မေးခွန်းပါ။ နီဘီရူယှဉ်တွဲမှုဖြစ်ရပ် (Nibiru Collision)လို့ ခေါ်ကြတဲ့ အဲဒီကိစ္စဟာ တကယ်ဖြစ်လာမှာ မဟုတ်ပါဘူးလို့ NASA (အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ)က ပညာရှင် တစ်ဦးက ပြောသွားခဲ့ပါတယ်။ နီဘီရူကိစ္စဟာ ကြီးမားလှတဲ့ ဂြိုဟ်အပိုင်းအစကြီးတစ်ခု ကမ္ဘာမြေကို (၂၁)ရာစု အစောပိုင်းမှာ တိုက်ရိုက်ထိမှန်မယ် (ဒါမှမဟုတ်) ကမ္ဘာနားက ကပ်ပြီးဖြတ်သွားမယ်ဆိုတဲ့ အယူအဆကို အခြေခံပြီး လူပြောများလာတာပါ။ ဒီအကြောင်းကို (၁၉၉၅)ခုနှစ်က zetatalk၀က်ဘ်ဆိုက် တည်ထောင်သူ အမျိုးသမီး နန်စီလေဒါက စပြီးတော့ ဖော်ထုတ်ခဲ့တာပဲ ဖြစ်ပါတယ်။ နန်စီဟာ သူ့ကိုယ်သူ စိတ်ဝိဥာဉ် ပေါင်းကူးနိုင်စွမ်းရှိတယ်လို့ ကြေညာထားပြီး Zeta Reticuli ကြယ်စင်ကြီးက တခြားသက်ရှိတွေနဲ့ စိတ်ချင်းစကားပြောနိုင်တယ်လို့ ဖော်ထုတ်ပြောကြားခဲ့ပါတယ်။ သူဟာ ပထမဆုံး မေလ(၂၀၀၃)ခုနှစ်မှာ ကမ္ဘာရှိတဲ့ နေစကြာဝဠာ တစ်ခုလုံး ပျက်သုဉ်းတော့မယ်လို့ သူ့ကိုမိတ်ဆွေဂြိုဟ်သားတွေက အသိပေးတယ်လို့ ပြောခဲ့ပါတယ်။ နောက်ပြီးတော့ တကယ်တမ်း ကမ္ဘာပျက်မှာ (၂၀၁၀)ခုနှစ်ဝန်းကျင်လို့ ပြောင်းပြီးပြောပြန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၀င်ရိုးစွန်းနေရာ ရွေ့သွားတာကြောင့်မို့လို့ပါဆိုပြီး နန်စီက ပြောခဲ့သလို အဲဒီနောက်မှာတော့ လူသားမျိုးပြုတ်မယ့် ဖြစ်ရပ်ဆိုးကြီး ကြုံတွေ့မယ့် ကမ္ဘာပျက်သောနေ့ (Doomsday)ကို ကြုံရတော့မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။


ဒီအတွေးအခေါ်အရ ကမ္ဘာနဲ့ရွယ်တူလောက်ရှိတဲ့ ဂြိုဟ်ပဲ့ကြီးတစ်ခုဟာ (၂၀၁၂)ခုနှစ်လောက်မှာ လူသားတွေနေတဲ့ ကမ္ဘာကို ဦးတည်ရောက်ရှိလာမှာပါတဲ့။ တိုက်ရိုက်တိုက်မိခဲ့ရင် ကမ္ဘာတစ်ခုလုံး ပျက်စီးသွားမှာဖြစ်သလို ကပ်ပြီးဖြတ်သွားရင်တောင် အရှိန်ပြင်းလွန်းတာကြေင့် လူသားမျိုးနွယ် ပြုတ်ပြုတ်ပြုန်းလုနီးပါး ဖြစ်သွားမယ်လို့ ဆိုပါတယ်။ နန်စီရဲ့ လက်တွေ့မကျတဲ့ အယူအဆဟာ အစွန်းရောက် ဘာသာရေး အဖွဲ့တွေရဲ့ ၀ါဒဖြန့်မှုနဲ့အတူ ကြီးထွားလာပြီး “(၂၀၁၂)မှာ ကမ္ဘာပျက်မှာလား”ဆိုတဲ့ မေးခွန်းကို လူပြောများလာခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာပျက်မယ့်နေ့လို့ ခန့်မှန်းထားတဲ့ အဲဒီဖြစ်ရပ်ကြီးကို Code Nameအနေနဲ့ ပေးထားတဲ့ နီဘီရူဆိုတာ ရှေးဟောင်း ဘေဘီလုံ လူမျိုးစုတွေရဲ့ နက္ခဗေဒ ပညာရပ်ထဲက ဆိုးရွားကြမ်းကြုတ်တဲ့ အချိန်ကာလတစ်ခုရဲ့နာမည်ကို မှည့်ခေါ်ထားတာပါ။ နောက်ပြီးတော့ “ကောင်းကင်ဘုံရဲ့အလွန်”လို့လည်း အဓိပ္ပါယ် သတ်မှတ်နိုင်ပါတယ်။ ကမ္ဘာပျက်မယ့်နေ့ဆိုတဲ့ အခြေအမြစ်မရှိ ခန့်မှန်းအတွေးအခေါ်တွေအရ Xဂြိုဟ် (ဒါမှမဟုတ်) နီဘီရူလို့ နာမည်ပေးထားတဲ့ စကြာဝဠာ ဂြိုဟ်ပဲ့ကြီးတစ်လုံးဟာ ကမ္ဘာကို (၂၀၁၂)ခုနှစ်မှာ တိုက်ရိုက်ဝင်တိုက်တော့မှာလို့ ယုံကြည်နိုင်ပါတယ်။



NASAရဲ့ ပညာရှင် တစ်ဦးဖြစ်တဲ့ ဒေးဗစ်မော်ရစ်ဆန်ကတော့ ဒီကိစ္စကို ရယ်စရာ အိပ်ယာဝင် ပုံပြင်ကောင်းတစ်ခုလို့ ယူဆထားတာပါ။ “နီဘီရူဆိုတာ ကျွန်တော်တို့ရဲ့ လက်တွေ့လေ့လာမှုထဲမှာ လုံးဝမရှိတဲ့အရာဆိုတာ ခင်ဗျားတို့ သိဖို့တော့ လိုမှာပါ”လို့ မော်ရစ်ဆန်က Washington Post သတင်းစာကြီးနဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။ (၂၀၁၂)ခုနှစ်မှာ ကမ္ဘာနဲ့ Xဂြိုဟ်ဝင်တိုက်လို့ ကမ္ဘာကြီး ပျက်တော့မယ်ဆိုတာဟာ လူ့သမိုင်းခေတ်သစ်တစ်ခုကို စတော့မယ်လို့ စိတ်ကူးယဉ်ဇာတ်ကားကောင်းကောင်း ရိုက်ချင်နေတဲ့ ဟောလီးဝုဒ် ကုမ္ပဏီတွေအတွက် အခွင့်အရေးကောင်းတစ်ခုထက် ဘာမှမပိုဘူးလို့ မော်ရစ်ဆန်က ဆိုပါတယ်။ ရှေးဟောင်းဆူမားရီးယန်း မျိုးနွယ်စုတွေရဲ့ မှတ်တမ်းထဲမှာ Zenchriaဆိုတဲ့ ခေတ်တစ်ခုတုန်းက နီဘီရူဆိုတဲ့ ကြယ်ကြီးကို မြင်လိုက်ရတဲ့အကြောင်း မှတ်တမ်းကလွဲပြီး သမိုင်းတလျှောက် ဘယ်သူမှ နီဘီရူဆိုတဲ့ စကြာဝဠာထဲက ဂြိုဟ်ပဲ့ကြီးအကြောင်း ပြောခဲ့၊ ရေးခဲ့တာ မရှိပါဘူး။ တကယ်တော့ဒါဟာ လူ့သမိုင်းကို အခြေခံ ခုတုံးလုပ်ပြီး လုပ်ကြံထားတဲ့ ဇာတ်လမ်းသာဖြစ်ပါတယ်လို့ မော်ရစ်ဆန်က ပြောပြခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ မာယာလူမျိုးစုတွေရဲ့ ကာလရှည်ကြာ ပြက္ခဒိန်ကလည်း (၂၀၁၂)ခုနှစ် ကျရောက်တဲ့အချိန်မှာ ကမ္ဘာပျက်မယ်လို့ ဇာတ်လမ်းကောင်းကောင်းလေးတစ်ခု ဖန်တီးထားခဲ့တာကလည်း ရှိနေတာမို့ပါ။

မာယာတွေ ယုံကြည်ထားတာအရ Batun 13ဆိုတဲ့ အချိန်ယန္တယားစက်ဝိုင်း ကုန်ဆုံးသွားပြီးတဲ့အချိန်ဖြစ်တဲ့ (၂၀၁၂)ခုနှစ်လောက် ကာလမှာ Batun 14ဆိုတဲ့ အချိန်စက်ဝိုင်း နောက်တစ်ခု စပါလိမ့်မယ်။ အဲဒီအချိန်မှာ ကမ္ဘာတစ်ခါပျက်မယ်လို့ ဆိုထားတာကိုး။ ဒါပေမယ့် သိပ္ပံပညာရှင်တွေကတော့ (၂၀၁၂)ခုနှစ်မှာ ကမ္ဘာကြီးကို ဘယ်အာကာသ တိုက်ခိုက်မှုမှ ရောက်လာမှာ မဟုတ်ဘူးလို့ အာမခံထားပါတယ်။ ကမ္ဘာပျက်မယ့်နေ့ကို အတိအကျ မသိနိုင်ပေမယ့် (၂၀၁၂)ခုနှစ်ထိတော့ ကမ္ဘာဟာ အကောင်းအတိုင်း ရှိနေမှာပါ။ တကယ်တော့ အရင်ကလည်း ခုလိုမျိုး ကမ္ဘာပျက်မယ်ဆိုတဲ့ စိတ်ကူးယဉ် ကောလဟာလတွေ ရှိခဲ့တဲ့ ဥပမာတွေ အများကြီးပါ။ ထင်ထင်ရှားရှား တစ်ခုအနေနဲ့ အက်ပေါ့ဟစ် (Apophis)ဆိုတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားကြီး တစ်ခုဟာ ကမ္ဘာနားက (၂၀၂၉)၊ (၂၀၃၆)နဲ့ (၂၀၆၈)ခုနှစ်တွေမှာ (၃)ခါဖြတ်သွားပြီး အဲဒီအချိန်ကျရင် လူတွေသောက်သောက်လဲ သေကြမယ်လို့ သတင်းကြီးခဲ့ပါသေးတယ်။ ဒါပေမယ့် တိုင်းတာမှုတွေအရ အဲဒီဂြိုဟ်သိမ်ကြီး ကမ္ဘာနားက ဖြတ်သွားချိန်မှာ အနည်းဆုံး မိုင်(၁၈၀၀၀)လောက် ဝေးနေမှာဖြစ်ပြီး ဒါဟာလုံးဝလုံခြုံ စိတ်ချရတဲ့ အကွာအဝေးပါလို့ ပညာရှင်တွေက အတိအလင် ခိုင်ခိုင်မာမာ ပြောကြားထားပါတယ်။ ဘာပဲဖြစ်ဖြစ် (၂၀၂၉)ခုနှစ်နား နီးလာရင် “အက်ပေါ့ဟစ်ကြီး ကမ္ဘာကို ၀င်တိုက်ရင် ဘယ်လိုလုပ်မလဲ”ဆိုတာ တွေ့ရကြုံရ၊ ဗျာများရအုံးမယ့် မေးခွန်းပါ။ “အဲဒီအခါကျတော့လည်း ကျွန်တော်တို့က ပြည်နယ်တစ်ခုစာလောက်တော့ ပြာကျသွားမှာပေါ့လို့ ဖြေလိုက်ကြတာပေါ့”လို့ မော်ရစ်ဆန်က ရယ်ရယ်မောမော ပြောသွားခဲ့ပါတယ်။

ပြန်လည်နေရာချထားရေး


ပြန်လည်နေရာချထားရေး ဆိုလို့ နာဂစ်လို့သွားပြီးမထင်ပါနဲ့ဗျာ။ မနက်က ကွန်ပျူတာကို သန့်ရှင်းရေးလုပ်နည်းလေးတင်ပေးလိုက်လို့ အခု ကွန်မင်းနဲ့ နေရာချတာလေးတင်ပေးလိုက်တာပါ။

Start ကနေ All program ပေါ် Mouse လေးကို တင်လိုက်လျှင် ဘေးမှာ အခြား column လေးတစ်ခုထွက်လာလိမ့်မယ်။ အဲ့ဒီမှာ Accessories ဆိုတာကနေ System tools ပြီးတော့ Disk defragmenter ကို ရွေးလိုက်ပါ။
ဒါမှမဟုတ် My computer ကို R-click နှိပ်ပြီးတော့ Tools မှလည်းသွားနိုင်ပါတယ်။
Disk defragmenter ဆိုတာပေါ်လာရင် Drive C ကို ရွေးပြီး အောက်မှပြထားတဲ့ Defragment ကို ရွေးလိုက်တာနဲ့ စီဒရိုက်ထဲက ဖိုင်းကလပ်စတာတွေကို စ,စီပေးတာတွေ့ရမယ်။ 10 မိနစ်ကနေ နာရီအချို့ကြာအောင် အချိန်ပေးလွှထားရမယ်။ တလလုံး တခါမှ ဒီလိုမလုပ်ခဲ့ဘူးတဲ့ စက်ဆိုရင်တော့ ရုံးကနေ ညနေအိမ်ပြန်ခါနီးလုပ်ထားသွားရမယ်။ နောက်မနက်ပြန်လာမှ ဆက်လုပ်ပါ။ ဟက်ဒရိုက်ပိုကြီးရင်လဲပိုကြာမှာဘဲပေါ့။ဒရိုက်စီပြီးရင် တော့ Disk defragmenter ဆိုတဲ့ box လေးတစ်ခုပေါ်လာလိမ့်မယ်။ Close ကို ပေးလိုက်ပါ။ ဒီလိုဆိုရင် တော့ ကိုယ့် ကွန်ပျူတာကို နေရာချထားရေးလုပ်ငန်းကို ပြီးမြောက်ပါပြီ။



ကွန်ပြူတာကို သန့်ရှင်းရေးလုပ်ခြင်း


ကျွန်တော်အခုပြောမယ့်ကောင်လေးက အရမ်းတော့ လွယ်ပါတယ်။ မသိသေးတဲ့ သူတွေလည်းရှိမှာပါ။ ကျွန်တော်လည်းကျောင်းမပိတ်လို့အားနေတာ နဲ့ရေးပေးလိုက်တာပါ။ သိပြီးသားသူတွေအတွက်တော့ သည်းခံပါ။ ဒါကိုမလုပ်ခင် Control Pannel ထဲအရင်ဝင်ပြီး လုံးဝမသုံးရဘဲ စက်ထဲကိုဝင် နေတဲ့ ပရိုဂရမ်တချို့ကို Uninstall လုပ်လိုက်ပါ။ Start ကိုတချက်နှိပ်ပါ။All programs အပေါ် mouse ကိုတင်လိုက်တာနဲ့ ရွေးစရာတွေပေါ်လာမယ်။ အဲ့ဒီက Accessories ဆိုတာကနေ System tools ပြီးတော့ Disk clean up ကိုေ၇ွးလိုက်ပါ။
Select ဆိုတာပေါ်လာရင် Drive C ကိုရွေး၊ပြီး OK လိုက်တာနဲ့ စီဒရိုက် ထဲက အရှုတ်တွေ (အရုပ်မဟုတ်)ကို စရှင်းပေးတာတွေ့ရမယ် တအောင့်လောက်စောင့်လိုက်ရင် Disk Cleanup for (C) ဆိုတာပေါ်လာမယ်။
အဲဒီထဲက သုညမဟုတ်တာတွေအားလုံးကို အမှတ်ပေး - Total amount of disk space you gain: အောက်ကစာတန်းကို သတိထားကြည့်ရင် ဂဏန်းများလာတာကို တွေ့ရမယ်။ ပြီးရင် OK လုပ်ရင်-
Are you sure you want to perform this action? လို့မေးခံရမယ်။ Yes လုပ်လိုက်ပါ။ အဲဒီမှာ ကွန်ပြူတာကနေပြီး Disk cleanup ကို လုပ်ပေးလိမ့်မယ်။ မနေ့ကဘဲတခါလုပ်ထားပြီးတာ ဆိုရင်တော့ မြန်မယ်။ တခါမှမလုပ်ဘူးတဲ့ ကွန်ပြူတာ တွေဆိုရင် ကြာမယ်။

နာရီနဲ့ချီပြီးကြာရင် ဗိုင်းရပ်စ် သို့မဟုတ် အမှား (Error) ရှိနေလို့ဘဲဆိုတော့ ကွန်ပျူတာထဲမှာ ထည့်ထားတဲ့ ဗိုင်းရပ်ဆန့်ကျင်ရေး ဆော့ဖ်ဝဲကိုသုံးပြီး Virus scan ကို အရင်လုပ်ရမယ်။ ဗိုင်းရပ်ဆန့်ကျင်ရေး ဆော့ဖ်ဝဲတွေက တခုနဲ့ ဒီဇိုင်းခြင်း မတူလို့ ကွန်ပျူတာတလုံးလုံးကို စကင်းပေးပါဆိုတဲ့ အမိန့်ကို ရအောင်ရှာပြီး လုပ်ရမှာပါ။နောက်မှ ကွန်မင်းနဲ့ ပြန်လည်နေရာချထားရေးလေးကို တင်ပေးပါ့မယ်။အခုတော့ ဒီလောက်ပဲ။

အထီးကျန်အတွေးများ


လေလှိုင်းမှာ ဈာန်ယာဉ်စီး
အထီးကျန်နေတဲ့ ငါ့အတွေးတစ
တသသ တလှပ်လှပ်
တဆတ်ဆတ် နာကျင်နေတယ်။

အလွမ်းနာနေတဲ့
ပရမ်းပတာ အတွေးများလား။

ဓာတ်ပုံကလေး တချပ်ပဲ
အမှတ်တရ ကျန်ရစ်
ငါ့ချစ်သူ ငါမတွေ့နိုင်တဲ့
တမြေ့မြေ့အဆွေးကြောင့်
အတွေးကလေးတွေ မှေးမှိန်
တည်းခိုအိမ် ပျောက်ခဲ့လို့လား။

စေတီပျက်ရဲ့
မြက်ခင်းကလေးပေါ်မှာထိုင်
ကိုယ့်နိုင်ငံ ကိုယ့်အကြောင်း
သောင်းပြောင်းဝိုင်းဖွဲ့
တွယ်ရာမဲ့ သူငယ်ချင်းတွေရဲ့
စီးဆင်းနေတဲ့မျက်ရည်တွေ
ရက်ရည်နေရှာပကောလို
စိတ်မောဖွယ် ဒီအရေးကြောင့်လား။

မေပယ်ပင် ထင်းရှူးပင်ရိပ်မှာ
ကစဥ့်ကလျား လွင့်ပါးနေတဲ့
အတွေးများကိုချိတ်ပြီး
တိတ်တဆိတ် လမ်းလျှောက်နေမိတယ်။ ။

မူရင်း-တင်မိုး ကဗျာပေါင်းချုပ်

ကိုယ့် Memory Stick ထဲတွင် background ထည့်ခြင်း


Memory Stick နှင့် အခြား Folder တွေကို အနောက်ခံ ပုံ ထည့်ချင်သူများအတွက်တင်ပေးလိုက်တာပါ။ ကျွန်တော်ပြောတဲ့ အတိုင်းလိုက်လုပ်ကြည့်ပါ။ အောက်မှာ ပေးထားတဲ့ အောက်လေးကို Copy လုပ်လိုက်ပါ။
[{BE098140-A513-11D0-A3A4-00C04FD706EC}]
iconarea_image=crying girl.jpg
iconarea_text=0x0ff0000


ပြီးရင်တော့ Notepad လေးဖွင့် ပြီး Save လိုက်ပါ။ ဒါနဲ့ File type ကို All file လို့ ပေး လိုက်ပါ။ နာမည်ကိုတော့ Desktop လို့ပေးပြီး အနောက်က .ini လို့ပေးလိုက်ပါ။ ပြီးရင် Desktop မှာ Save လိုက်ပါ။ ပြီးလျှင်တော့ ကိုယ် အနောက်ခံထည့်ချင်တဲ့ Memory Stick (Or) Folder တစ်ခုခုထဲထည့် လိုက်ပါ။ ပြီးရင်တော့ ကိုယ့် ထည့်ချင်တဲ့ Image က ကိုယ်ပေါ်စေချင်တဲ့ နေရာတွင်ရှိရမည်။ ဥပမာ- Document ထဲထည့် ချင်တယ် ဆိုရင်တော့ Document ထဲမှာ ရှိနေရမှာ ဖြစ်တယ်။ ပြီးလျှင် desktop.ini ဖိုင်ကို ဖွင့် လိုက်ပါ။ ကျွန်တော်ပေးထားတဲ့ Code ထဲက crying girl ဆိုတဲ့နေရာ ကိုယ့် ထည့် ချင်တဲ့ Image ရဲ့ နာမည်ကို အစားထိုးလိုက်ပါ။ ပြီးလျှင် save ပြီး ကိုယ်ထည့် ထားတဲ့ folder ကို ပိတ်ပြီးပြန်ဖွင့်ရင် ဖွင့်ဒါမှမဟုတ်ရင် refresh ပေးလိုက်ရင်ရပါပြီ။ ပျော်ရွှင်စွာ အနောက်ခံ Image လေးတွေ ထည့် နိုင်ကြပါစေ။

ကမ်းပြိုင်


ဘ၀ပြသနာကို
ပေစာထုပ်နဲ့ စာအုပ်တွေထဲမှာ
အဇြေရှာတတ်တဲ့ သုခမိန်တွေကို
စိန်ခေါ်ခဲ့တဲ့ ပုဂံဈေး လုလင်ပျိုအကြောင်း
စာဆိုဇော်ဂျီက ဖွဲ့ဆိုခဲ့ဖူးပါတယ်။

နေရာတိုင်းမှာ လက်တွေ့နဲ့မချိန်တဲ့
သုခမိန်တွေ အများကြီးပါ။

ကျမ်းကိုး ကျမ်းကားတွေနဲ့
ခမ်းနား သာယာနေတတ်သူတွေ
မျက်မြင်မှာ ဥာဏ်မတွဲနိုင်ဘဲ
တကြောင်းဆွဲ တပိုင်းကြောင်
လက်မ တထောင်ထောင်နဲ့ နေတဲ့သူတွေ
နေရာတကာမှာ
လူစွာလုပ် လူဟုတ် ဖြစ်နေကြပါသတဲ့။

ဒါပေမယ့်
စာနယ်ချဲ့တတ်တဲ့ သီအိုရီသမားကို
မထီလေးစားတော့ မလုပ်လိုက်နဲ့။
ဒီသုခမိန်တွေ ရှိပေလို့
စာသိတွေ ကျယ်ဝန်း
စာညွှန်းတွေ ရှာဖွေ
စာပေသုတ ပွားရတဲ့ကျေးဇူးလဲ ရှိပေရဲ့။

သူတို့ စကားတွေက
ကျမ်းနားက မခွာ၊ ကျမ်းစာနဲ့ မဝေး
ကျမ်းလေးတယ် ထင်ရသော်လဲ
အပြစ်ကင်းစင်တဲ့ ပညာရှင်တွေပါပဲ။

ကျမ်းလဲ ကျမ်းလျောက်
လမ်းပေါက်ပါစေ။
လက်တွေ့ လမ်းခွင်၊ ကျွမ်းကျင်သူတွေလဲ
ဆင်ခြင်တုံ ဥာဏ်နဲ့ချင့်ပြီး
လမ်းပွင့်ပါစေ။

လမ်းတိုင်ကောင်းမယ် မဟုတ်လား။ ။
Related Posts with Thumbnails
 

ဖန်းတီးရှင်-မောင်သက်©2008

ဆက်သွယ်ရန်- thettunoo95@gmail.com