ကွန်ပြူတာကို သန့်ရှင်းရေးလုပ်ခြင်း


ကျွန်တော်အခုပြောမယ့်ကောင်လေးက အရမ်းတော့ လွယ်ပါတယ်။ မသိသေးတဲ့ သူတွေလည်းရှိမှာပါ။ ကျွန်တော်လည်းကျောင်းမပိတ်လို့အားနေတာ နဲ့ရေးပေးလိုက်တာပါ။ သိပြီးသားသူတွေအတွက်တော့ သည်းခံပါ။ ဒါကိုမလုပ်ခင် Control Pannel ထဲအရင်ဝင်ပြီး လုံးဝမသုံးရဘဲ စက်ထဲကိုဝင် နေတဲ့ ပရိုဂရမ်တချို့ကို Uninstall လုပ်လိုက်ပါ။ Start ကိုတချက်နှိပ်ပါ။All programs အပေါ် mouse ကိုတင်လိုက်တာနဲ့ ရွေးစရာတွေပေါ်လာမယ်။ အဲ့ဒီက Accessories ဆိုတာကနေ System tools ပြီးတော့ Disk clean up ကိုေ၇ွးလိုက်ပါ။
Select ဆိုတာပေါ်လာရင် Drive C ကိုရွေး၊ပြီး OK လိုက်တာနဲ့ စီဒရိုက် ထဲက အရှုတ်တွေ (အရုပ်မဟုတ်)ကို စရှင်းပေးတာတွေ့ရမယ် တအောင့်လောက်စောင့်လိုက်ရင် Disk Cleanup for (C) ဆိုတာပေါ်လာမယ်။
အဲဒီထဲက သုညမဟုတ်တာတွေအားလုံးကို အမှတ်ပေး - Total amount of disk space you gain: အောက်ကစာတန်းကို သတိထားကြည့်ရင် ဂဏန်းများလာတာကို တွေ့ရမယ်။ ပြီးရင် OK လုပ်ရင်-
Are you sure you want to perform this action? လို့မေးခံရမယ်။ Yes လုပ်လိုက်ပါ။ အဲဒီမှာ ကွန်ပြူတာကနေပြီး Disk cleanup ကို လုပ်ပေးလိမ့်မယ်။ မနေ့ကဘဲတခါလုပ်ထားပြီးတာ ဆိုရင်တော့ မြန်မယ်။ တခါမှမလုပ်ဘူးတဲ့ ကွန်ပြူတာ တွေဆိုရင် ကြာမယ်။

နာရီနဲ့ချီပြီးကြာရင် ဗိုင်းရပ်စ် သို့မဟုတ် အမှား (Error) ရှိနေလို့ဘဲဆိုတော့ ကွန်ပျူတာထဲမှာ ထည့်ထားတဲ့ ဗိုင်းရပ်ဆန့်ကျင်ရေး ဆော့ဖ်ဝဲကိုသုံးပြီး Virus scan ကို အရင်လုပ်ရမယ်။ ဗိုင်းရပ်ဆန့်ကျင်ရေး ဆော့ဖ်ဝဲတွေက တခုနဲ့ ဒီဇိုင်းခြင်း မတူလို့ ကွန်ပျူတာတလုံးလုံးကို စကင်းပေးပါဆိုတဲ့ အမိန့်ကို ရအောင်ရှာပြီး လုပ်ရမှာပါ။နောက်မှ ကွန်မင်းနဲ့ ပြန်လည်နေရာချထားရေးလေးကို တင်ပေးပါ့မယ်။အခုတော့ ဒီလောက်ပဲ။
Related Posts with Thumbnails
 

ဖန်းတီးရှင်-မောင်သက်©2008

ဆက်သွယ်ရန်- thettunoo95@gmail.com