Chatting ထိုင်ရင်အသုံးဝင်စေမည့်


ကျွန်တော်တို့တွေ chatting ထိုင်နေရင်းမသိတဲ့စာလုံးတွေနဲ့ကြုံလာတဲ့အခါ တော်တော်စိတ်လေဖို့ကောင်းတယ်။ diခtionary ထဲလှမ်ရှာနေရတာ ဟာပျင်းဖို့တောင်ကောင်းလာတယ်။ အခုလိုပုံစံလေးနဲ့ဆို ရင်တော့ chat ရတာ အဆင်ပြေမယ်။ အောက်ပါနည်းလမ်းလေး ကို လေ့ လာလိုက်ရအောင်။ပုံစံလေးကတော့ရိုးရှင်းပါတယ်၊ အောက်ပါပုံစံလေးက chat box မှာပါတဲ့
အစိတ်အပိုင်းလေးတစ်ခုပါ။
chat box ထဲမှာ Add contact ဆိုတဲ့ menu ကိုတွေ့ရလိမ့်မယ်၊အဲ့ဒီ Add contact ကို click လုပ်ပါ။chat invitations box ကျလာလိမ့်မယ်။
အထက်ပါ chat invitations ဆိုတဲ့ box ရဲ့ test box ထဲမှာ en2mm5@mmgeeks.org လို့ရိုက်ထည့်လိုက်ပါ။
ပြီးရင် send invites လုပ်လိုက်ရင် အလွယ်တကူရှာနိုင်တဲ့ chat English to Burmese လေးရပါပြီ။

အမှန်လမ်း


မှန်ကန်တဲ့ လမ်းဆိုတာ
ကြမ်းတော့ ခရီးကြမ်းပဲ
လျှောက်လှမ်းတဲ့သူ နည်းမယ်။

ညာသံပေးရုံ ပေးပြီး
ဒလိမ့်ခေါက်ကွေး လိမ့်ကျ
မထနိုင်လို့ နောက်ဆုတ်
ပုဆစ်ဒူးတုပ် အရှုံးပေး
ပြေးသူလဲ ပြေးသပေါ့။

ရေတစက် ရေတခွက်မျှ
လက်ကမ်းသူ မရှိ၊
ထိုင်ခုံကလေး တနေရာမျှ
နားစရာမရှိ။
ပန်းကလေး တပွင့်မျှ
ကမ်းလင့်သူ မရှိ။

ဘယ်လောက်ပဲ တောခေါင်ခေါင်
အောင်စိတ်ကို ရှေ့ဆောင်ပြီး
တောင်ကျော် မှော်ရုံဖြတ်
တောစပ်ကိုနင်း အဖော်ကင်းပေမယ့်
အားတင်းလို့ ချီတက်ရမှာပဲ။

ခက်ခဲတဲ့ လမ်းမှာမှ
သစ္စာပန်းက ပွင့်တတ်တယ်။
လွယ်လွယ်ကူကူ၊ ဆွတ်ချူလို့ မရ
ဒုက္ခကို အရင်းအနှီး ပြုပြီးမှ
သုခချမ်းသာနဲ့ ပြည့်လျှမ်းတဲ့
ပန်းပွင့်ကို ရနိုင်မယ်။

အခက်အခဲကို မကြောက်
ဒူးမထောက် လက်မမြှောက်နဲ့
မရောက်အရောက် လှမ်းတက်
စိတ်ပျက်တာတွေ ဖယ်ရှား
သွားဖန်များ ခရီးရောက်မှာမို့
နောက်သို့ မဆုတ်တမ်း
လျှောက်စို့ အဟုတ်လှမ်း
တို့စခန်း မြင်ရပြီ မဟုတ်လား။ ။

မူရင်း-တင်မိုးကဗျာပေါင်းချုပ်(1999)

7-Zip 9.07 Beta


ဒီကောင်လေးက မဆိုးဘူးဗျ။ တော်တော်များများ Zip လေးတွေကို ဖြည်ပေးနိုင်တယ်။ လိုအပ်ရင် ဒေါင်းလို့ရအောင် လင့်ခ်လေးထည့်ပေးလိုက်တယ်ဗျို့။

စမ်းရေတွင်း


အလင်္ကာ အတတ်နဲ့
ငတ်နေတဲ့ နှလုံးသားရဲ့ အလိုကို
ချိုအေးအောင် ဖြည့်တင်း
အလင်းစက်ကလေး ပြက်ခနဲဝင်း။

ဆာမွတ်နေတဲ့ အလင်္ကာ
လျှာကို ဖျာလိုသိမ်း
ထိန်းမရ သိမ်းမရ အငမ်းမရ
အဓမ္မ မျိုချပြီးနောက်
ခံစားမှု ရေတံလျောက်က
ဒိုးယိုပေါက် စီးဆင်း။

ကာရန်မြင်းတွေကလဲ ကဆုန်ပေါက်
ခွာထောက်သံ ခပ်ပြင်းပြင်း
ခြေနင်းကွင်းကိုလဲ နင်းတုံ မနင်းတုံ
ခုန်ပျံ တက်ဆင်း
အမှောင်နဲ့ အလင်းကမ္ဘာ
လူးလာပျံသန်း ဘုံခန်း ငရဲခန်းအတွင်း
သက်ပြင်းတရှိုက် ရင်မှာပိုက်
ဆိုက်ကပ်လာတဲ့ အနုပညာ စမ်းရေတွင်း။

Contect


ကျွန်တော်နှင့် ဆက်သွယ်ချင်သူများအတွက်ပါ။ ဂျီမေးလ်လိပ်စာ ကတော့ thettunoo95@gmail.com ပါ။အောက်ပါမှ လည်း မေးပို့နိုင်ပါတယ်။ ထူးထူးဆန်းဆန်းလေးတွေကို တော့ ကျွန်တော့် မေးလ် ကိုပို့ပေးကြပေါ့ဗျာ ။ ဖတ်ရင်း မျှဝေတာပေါ့။

သင်၏အကြံ ပြုချက်များအားလုံးကို ကြိုဆိုပါ၏။ နောက် အမြဲ တမ်းကြိုဆိုပါတယ်။


























အမည် :
အီးမေလ်း :
ခေါင်းစဉ် :
အကြောင်းအရာ :
ပုံထဲမှ စာများအား

အကွက်ထဲသို့ ကူးရေးပါ။ :

ပန်းတိုင်မဲ့ လှေ


ရွက်ကမလုံ တက်ကမစုံ
အရှက်က ကုန်
မနက်ထ အရုဏ် မှာ
ဗုံတောင် မမှန်၊ ရေကင်းသံ တလွဲ
နှံသံက တခြား၊ စည်းဝါး မမိ
အရသာ ဘယ်မှာ ရှိပါလိမ့်
သိသိကြီးနှင့် လှော်ခတ်
ဘယ်အရပ် ဦးတည်နေမှန်း မသိ
တအိအိနှင့်
လှော်မိ လှော်ရာ၊ လှေနာဝါ
ကမ်းသာတကွေ့ တွေ့နိုးနိုး။ ။

အသဲနှလုံးလှလှလေးပြုလုပ်ခြင်း


အရင်ဆုံးအနေနဲ့ File မှ New ကိုယူပါ။ layer အသစ်တစ်ခုကိုယူ၍ Foreground & Background color ကိုအောက်ပါအတိုင်း ရွေးလိုက်ပါ။
Custom Shape tool ကိုရွေးပါ။ပုံအတိုင်းပေါ့ နှလုံးသားပုံလေးကို ရွေးပါ။


Load Selection Layer Shape ကိုလုပ်ပါ (သို့) ctrl + မောက်ကိုနှိပ်ပြီး phat layer ပေါ်တွင် select လုပ်ပါ
Gradient tool Foreground to Background color ကို တောင်းပုံစံကိုရွေးပါ။
Selection လုပ်ပြီး Select --> Modify --> Contract = 1 Pixels လောက်ထားပါ Layer အသစ်တည်ဆောက်ပါ Foregroundကိုအဖြူရောင်ဖြင့်ရွေးပါ Foreground to Transparent တစောင်းပုံစံပေါ့ Select -->Desselect လုပ်ပါ

(Layer2)မှာ Edit ---> transform --> Perspective Opacity Layer = 50% လောက်ထားပါ။ပုံတွင်ဖော်ပြထားအတိုင်းဆက်လုပ်ပါ။ Perspective Layer မှာအဖြူရောင်လေးနှင့်ကွပ်ရမှာဖြစ်ပါတယ် ပုံအတိုင်း (Layer2) မှာ Edit --->
transform --> Perspective Opacity Layer = 50% လောက်ထားမယ်ဆိုရင် လှပတဲ့ပုံလေးရရှိမှာဖြစ်ပါတယ်။ဘယ်လိုလဲ အသဲပုံလှလှလေးရသွားပြီမဟုတ်လား ကောင်းကောင်းမရှင်းပြနိုင်တာကို တောင်းပန်ပါတယ်။ဒါပေမယ့် စိတ်ဝင်စားနဲ့ကြည့်မယ်ဆိုရင်ရှင်းသွားမှာပါ ကြိုက်တဲ့ Effects နဲ့ စိတ်ကြိုက်ဖန်တီးနိုင်ပါတယ်။

Related Posts with Thumbnails
 

ဖန်းတီးရှင်-မောင်သက်©2008

ဆက်သွယ်ရန်- thettunoo95@gmail.com