ပန်းတိုင်မဲ့ လှေ


ရွက်ကမလုံ တက်ကမစုံ
အရှက်က ကုန်
မနက်ထ အရုဏ် မှာ
ဗုံတောင် မမှန်၊ ရေကင်းသံ တလွဲ
နှံသံက တခြား၊ စည်းဝါး မမိ
အရသာ ဘယ်မှာ ရှိပါလိမ့်
သိသိကြီးနှင့် လှော်ခတ်
ဘယ်အရပ် ဦးတည်နေမှန်း မသိ
တအိအိနှင့်
လှော်မိ လှော်ရာ၊ လှေနာဝါ
ကမ်းသာတကွေ့ တွေ့နိုးနိုး။ ။
Related Posts with Thumbnails
 

ဖန်းတီးရှင်-မောင်သက်©2008

ဆက်သွယ်ရန်- thettunoo95@gmail.com