How to delete your Gmail account??


ဂျီမေးလ် အကောင့်ကို ဘယ်ဖျက်မလဲဆိုသည့် သင်ခန်းစာကို ရေးသွားမှာ ပါ။ ပထမဦးဆုံးအနေနှင့် သင့်အကောင့်ထဲကို အရင်ဝင်လိုက်ပါ။ (log onto your gmail account) > setting ကို click လိုက်ပါ။ တတိယ အဆင့်အနေဖြင့် account tab ပေါ်မှာ click ပြီး Google account settings ကိုသွားပါ။ ပွင့်လာသည့် စာမျက်နှာမှာရဲ့ အောက်ပိုင်းမှာ My product ဆိုပြီး တွေ့ရပါလိမ့်မည်။ သူဘေးကပ်လျက်မှာ ဘဲ edit ဆိုတာ ရှိပါတယ်။ သူ့ကို နှိပ်လိုက်ပါ ပြီးရင်တော့ remove Gmail permanently ဆိုတာ ကို click ပါ။ ဖျက်မှာ သေချာတယ်ဆိုရင်တော့ check box မှာ mark ပေးလိုက်ပါ။ လက်ရှိ ဂျီမေးလ် ပက်စ်ဝက်ဒ်ကို ရိုက်ထည့်ပြီး remove gmail ကို click လိုက်ရင် အကောင့်ကို ဖျက်ပြီးသွားပါပြီ။

ပြည်တွင်းဈေးကွက် ပစ္စည်းပြတ်သည်အထိ အိုင်ပက်ဒ်အရောင်းသွက်



အက်ပဲလ် (Apple) ကုမ္ပဏီက ဧပြီလဆန်းတွင် စတင်ဈေးကွက်တင်ရောင်းချလိုက်သည့် အိုင်ပက်ဒ် (iPad) ကို ပြည်တွင်းဈေးကွက်တွင်လည်း ကွန်ပျူတာဆိုင်အချို့က တင်သွင်းရောင်းချခဲ့ရာ ပစ္စည်းပြတ်လပ်သည်အထိပင် အရောင်းသွက်ခဲ့ကြောင်း ရန်ကုန်မြို့ရှိ ကွန်ပျူတာအရောင်းဆိုင်အချို့မှ တာဝန်ရှိသူများကပြောကြားသည်။Lucky Bird ကွန်ပျူတာအရောင်းပြခန်းမှ ဒါရိုက်တာဒေါ်မေဖြူသွယ်က “ပစ္စည်းသစ်ဆိုတော့ ဈေးကွက်စမ်းသပ်တဲ့အနေနဲ့ ၂၅ လုံးလောက်ပဲ မေလဆန်းလောက်က အမေရိကားကသွင်းလာတာ။ တစ်ပတ်အတွင်း ၁၀ လုံးလောက်ကို ရောင်းလိုက်ရတယ်” ဟုပြောသည်။ ထို့အတူ Technoland ကွန်ပျူတာဆိုင်တွင်လည်း ဈေးကွက်စမ်းသပ်သည့်အနေဖြင့် အိုင်ပက်ဒ်ငါးလုံးကို ပြီးခဲ့သည့်မေလဆန်းတွင် စတင်ရောင်းချခဲ့ရာ တစ်ပတ်အတွင်း အကုန်ရောင်းချခဲ့ရကြောင်း ထိုပြခန်းမန်နေဂျာဒေါ်သပြေအောင်ကဆိုသည်။ “ဈေးကွက်ကိုကြည့်ရသလောက် တော်တော့ကိုအလားအလာရှိနေတယ်။ ဒါ့ကြောင့်ဒီလထဲမှာ ပစ္စည်းထပ်သွင်းနိုင်ဖို့လုပ်နေတယ်။ အရေအတွက်ဘယ်လောက်ထပ်သွင်းမလဲဆိုတာ ဆွေးနွေးနေပါတယ်” ဟု ၎င်းကပြောသည်။ ပြည်တွင်းဈေးကွက်တွင် အိုင်ပက်ဒ်ဝယ်ယူသူအများစုမှာ လူငယ်များဖြစ်ပြီး နည်းပညာအသစ်အဆန်း တစ်ခုအနေဖြင့် စိတ်ဝင်စားကြခြင်းဖြစ်ကြောင်း၊ အိုင်ပက်ဒ်ကို မရှိမဖြစ်အသုံးပြုရမည့် အရာဝတ္ထုတစ်ခုအဖြစ်ထက် ဒုတိယကွန်ပျူတာအနေဖြင့် အသုံးပြုကြခြင်းကြောင့် နုတ်ဘွတ်ခ်၊ နက်ဘွတ်ခ်များ၏ ရောင်းအားအပေါ်တွင် ထိခိုက်ခြင်းမရှိနိုင်ကြောင်းသိရသည်။ ထိုအိုင်ပက်ဒ်များတွင် လော့ခ်ဖြစ်နေသည်ကို Jail Break ပြုလုပ်၍ အလွယ်တကူလော့ခ်ဖြေအသုံးပြုနိုင်ပြီး ဆိုင်များအနေဖြင့်လည်း Jail Break ပြုလုပ်ရောင်းချပေးလျက်ရှိသည်။ ပြည်တွင်းကွန်ရက် ချိတ်ဆက်မှုအနေအထားအရ သရီးဂျီအိုင်ပက်ဒ်များထက် ၀ါယာလက်စ်နှင့် ဘလူးတုသ်ပါဝင်သည့် အိုင်ပက်ဒ်များကိုသာ ပိုမိုစိတ်ဝင်စားကြကြောင်း ကွန်ပျူတာဆိုင်များကဆိုသည်။ 16GB, 32GB နှင့် 64 GB ဟူ၍သုံးမျိုးခွဲခြားထားသည့် အိုင်ပက်ဒ်များကို တင်သွင်းရောင်းချသည့်ဆိုင်အလိုက် ဈေးနှုန်းကွာခြားမှုအနည်းငယ်ဖြစ်ပေါ်လျက်ရှိပြီး ဈေးနှုန်းမှာ ကျပ်ခြောက်သိန်းဝန်းကျင်မှ ၁၀ သိန်းဝန်းကျင်အတွင်း ရောင်းချလျက်ရှိကြသည်။ မေလကုန်အထိ ကမ္ဘာတစ်ဝှန်းတွင် အိုင်ပက်ဒ်အလုံးရေနှစ်သန်း ရောင်းချခဲ့ပြီးဖြစ်သည်။

Extract MP3 From YouTube Video


Youtube မှ သီချင်းတွေကို File Type တစ်ခါတည်း Convert လုပ်ပြီး Download ယူလို့ ရတဲ့ OnLine Tools တွေ အများကြီးရှိပါတယ်။ ဒီလို software တွေလည်းဒါဇင်လိုက်ရှိတယ်။

ဒီတစ်ခေါက်တော့ အရင်တင်ပေးဖူးတဲ့ကောင်တွေ လိုပါပဲ။ ဒါကတော့ အရင်လို Add-On လည်းမဟုတ်ဘူးပါဘူး။ online မှာ တင် Extract လုပ်နိုင်ပါတယ်။ လွယ်လည်း လွယ်ပါတယ်။ Youtube ကသီချင်း ကို Mp3 type ပြောင်းပြီး Download လုပ်ယူလို့ရတဲ့ Online tools လေးတွေပါ။ လိုအပ်ရင် စမ်းကြည့်လိုက်ပါ။

http://listentoyoutube.com http://www.youtube-mp3.org

http://www.video2mp3.net ဒါထက်မကလည်းရှိပါသေးတယ်ဗျ။ အရေးကြီးတာ အသုံး တည့်ဖို့ပါ။ ဒါကြောင့် လမ်းစရသွားပြီဆိုရင် ပညာရှိများ (စာဖတ်ပရိသတ်) လက်လှမ်းမှီမှာပါ။

HOW TO RUN MULTIPLE INSTANCES OF G-TALK IN THE SAME PC


How to run multiple instances of G-talk in the same pc
G-talk ကို တစ်ခုထက် ပိုသုံးရမယ့် အခြေအနေ မျိုး ကြုံတတ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် တစ်ခုထက်ပိုသုံးချင်ရင် ဒီလိုလေးလုပ်ထားလိုက်ပါ။

gtalk icon ပေါ် right click/properties ကိုသွားပါ။ gtalk properties dialog box မှ shortcut ကိုသွားပါ။ Target box မှာ "C:\Program Files\Google\Google Talk\googletalk.exe" /startmen0u/ ဒီ
extention လေးနောက်က space/nomutex ရိုက်လိုက်ပါ။

ပြီးရင် ok ပေါ့။ space က ( /nomutex)ပါ။ spacebar ပုတ်ရုံပါဘဲ။
ရပါပြီ ရှိသမျှ account တွေနဲ့ login ၀င်ပြီး chat နိုင်ပါပြီ။ chatter တွေအဖို့တော်တော် အဆင်ပြေမယ်ကွ ။ တစ်ဝကြီးပွားလို့ ရတာပေါ့ ဗျာ။

လူ့ဘ၀ကြီး၏အကြီးမားဆုံးသော အသိတရား (၁၄) ချက်


၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင် ပင်ဖြစ်သည်။
၂။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ဆုံးရှုံးခြင်းသည် မိမိဧ။် မာနကြောင့်ဖြစ်သည်။
၃။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အသိမဲ့ခြင်းသည် မိမိ ကိုယ့်ကိုမိမိ လိမ်လည်နေ ခြင်းဖြစ်သည်။
၎။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ၀မ်းနည်းရခြင်းသည် မိမိဧ။် မနာလို ၀န်တိုသော စိတ်ကြောင့်ဖြစ်သည်။
၅။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော မှားယွင်းမှု လုပ်ရပ်သည် မိမိဧ။် စိတ်ဓာတ်ကျဆင်း ခြင်းကြောင့်ဖြစ်သည်။
၆။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပြစ်မှုပြုခြင်းသည် မိမိဧ။် အနိုင်ကျင့်လိုသော စိတ်ဓာတ်ကြောင့် ဖြစ်သည်။
၇။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော သနားစရာကောင်းခြင်းသည် မိမိဧ။် စိတ်အားငယ်မှု ဖြစ်သည်။
၈။ လူ့ဘ၀ဧ။် အကြီးမားဆုံးလေးစားခံရခြင်း သည် မိမိဧ။် ကြံ့ခိုင်သည့် စိတ်ဓာတ်ဖြစ်သည်။
၉။ လူ့ဘ၀ဧ။် အကြီးမားဆုံး စီးပွားပျက် ရခြင်းသည် မိမိဧ။် ကိုယ်ပိုင်အနာဂတ် မျှော်လင့်ချက် ကင်းမဲ့ခြင်း ကြောင့်ဖြစ်သည်။
၁၀။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ချမ်းသာရခြင်းသည် မိမိဧ။် ကျန်းမာရေး ကောင်းမွန်ခြင်းဖြစ်သည်။
၁၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အကြွေးသံသရာ ဖြစ်ခြင်းသည် လူမှုရေး အကြွေးသံသရာဖြစ်သည်။
၁၂။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လက်ဆောင်မွန်သည် မိမိဧ။် သည်းခံခွင့် လွတ်တတ်သော စိတ်ဓာတ် ဖြစ်သည်။
၁၃။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လိုအပ်ချက်သည် မိမိဧ။် အကြင်နာတရား မေတ္တာ စိတ်ဓာတ်ဖြစ်သည်။
၁၄။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပီတိသည် အလှူဒါန ပြုခြင်း ဖြစ်သည်။

Microsoft Office Professional 2007


ဘာမှကိုမရေးဖြစ်တာလည်း ကြာပြီဗျ။ ဒီကနေ့ ည မှပဲအားတော့ တယ်။ တစ်ခုမဟုတ်တစ်ခုတော့ တင်လိုက်မှပဲဆိုပြီ Microsoft Office Professional 2007 ကိုတင်ပေးလိုက်တယ်။ အောက်က သူများပါတဲ့ programs တွေပါ။

Word 2007
Excel 2007
PowerPoint 2007
Outlook 2007 with business Contact Manager
Publisher 2007
Accounting Express 2007
Access 2007


Serial : J83B4-FH9FT-7TB2D-9D8CG-D4CVW
Detail : Name: Office-2007 EN.rar
Size : 289.72MB

လိုချင်ရင် အောက်မှာသာ ဒေါင်း သွားပေတော့။

Why Your Blog Loading Time Is So Long?


ကျွန်တော်တို့တွေ အားလုံးဘလော့ဂါသမားတွေ ရိဒ်ဒါတွေ ကော သိပြီးသားဖြစ်မှာပါ။ စိတ်ဝင်းစားသူ ညီငယ်တစ်ယောက်က မေးလာတယ်ဗျ။ တစ်ခါတလေ blog ဖွင့်ရင် Loading Time က အရမ်းကြာတယ်တဲ့။ ဘာဖြစ်လို့လဲ အစ်ကိုတဲ့။Blog ရဲ့ Loading Time ဘာဖြစ်လို့ကြာသလဲဆိုတော့ ကိုယ့်ရဲ့ Blog မှာ အမှိုက်ရုပ်နေလို့ပေါ့။
  • ကိုရဲ့ Blog မှာ Flash တွေကိုသိမ့်များများပြီးမထည့်ပါနဲ့
  • Blog Background ကို Animation တွေသိမ့်ပြီးများများမထည့်ပါနဲ့
  • Widget တွေကိုများများမထည့်ပါနဲ့
  • Animation ပုံတွေကို သိမ့်များများမထည့်ပါနဲ့
  • Movie Flash - ဥပမာ : YouTube Movie တွေကိုသိမ့်ပြီးမတင်ထားပါနဲ့
  • Script တွေကိုများများမသုံးပါနဲ့
  • ဓါတ်ပုံတွေများများမထည့်ပါနဲ့
  • Blog အတွက် Free Direct Host ကိုသုံးပါ။
အပေါ်မှာ ကျွန်တော်ပေးထားတဲ့ Rule ကိုလိုက်နာရင်ရပါပြီးခင်ဗျား။ တချို့သော Blog တွေမှာဆိုရင် ထည့်ထားတာက ရှုပ်ပွနေတာဘဲ Post တွေကတော့ တင်ထားတာ တကဲ့ကို မသိရင်ဆရာပေါ့။ ဒါပေမဲ့ သူတို့ရဲ့ Blog ကိုပြန်ပြီးကြည့်လိုက်ရင် အဲ့ဒီလူက ဘယ်သူဘယ်ဝါသလဲဆိုတာ ကို သူတို့ရဲ့ Blogger Template ကိုကြည့်လိုက်တာနဲ့ သိတယ်။ ဘာရယ်လို့တော့မဟုတ်ပါဘူးခင်ဗျား အပြောအဖြစ်သာဖြစ်ပါတယ်။ အပေါ်က Rule တွေကိုလိုက်နာလိုက်ရင် မြန်သွားပါလိမ့်မယ်။

ကမ္ဘာကို တုန်လှုပ်စေတဲ့ ၅၅ ပေရှည်သော မြွေကြီး


blogger နဲ့ ပျက်လပ်နေတာ တော်တော်တော့ ကြာနေပြီ မအားတာလည်းပါတယ်။ wordpress အတွက် ခြေလည့်နေတာလည်းပါတယ်။ ဒီမှာပါ။ အခုတောင်မှ စာမေးပွဲတွေကြာထဲက အချိန်ရတာ နဲ့ ကိုယ်အရေးကိုယ်ဟန်အတွက် အရေးမပေးနိုင်ပဲ တင်ဖြစ်ခဲ့တယ်။ စကားကို ဆက်လိုက်ရအောင် ။
တရုတ်ပြည် တောနက်ထဲမှာ တွေ့ရတဲ့ ၅၅ ပေရှည်တဲ့မြွေကြီးဟာ ယနေ့အချိန်မှာ ခေတ်အစားဆုံး သတင်း တပုဒ်ဖြစ်လို့လာခဲ့ပါပြီ ။ ဒီသတင်းကို မူရင်းစတင်ခဲ့တာကတော့ တရုတ်နိုင်ငံ Official Communist Party သတင်းစာဖြစ်တဲ့ People’s Daily ရဲ့ သတင်း website မှာ ဖော်ပြထားခဲ့ပါတယ် ။

ဒီသတင်းကပြောဆိုထားတာကတော့ Jiangxi စီရင်စု မှ Guping မြို့တော်အပြင်ဖက်မှာရှိတဲ့ သစ်တောကို လမ်း
အသစ်ဖောက်လုပ်ဖို့အတွက် အလုပ်သမားတွေ သစ်တောရှင်းလင်းစဉ်းမှာ ဒီ
ဧရာမကြီးမားတဲ့ မြွေကြီး ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ဆိုပါတယ် ။ ဒီမြွေကြီးဟာ အလွန်ကြီးမားတဲ့ မြွေကြီး ၂ ကောင်အနက်က တကောင်ဖြစ်ပြီး
ဖြစ်စဉ်ကတော့ အလုပ်သမားတွေက မြေကြီးတွေကို ညှိဖို့ မြေတူးစက်နဲ့
ဆောင်ရွက်နေစဉ်မှာ မြေကြီးထဲမှာ အိပ် ပျော်နေတဲ့ နှစ်ချို့ မြွေကြီးတွေဟာ
ပြန်လည် နိုးထလာခဲ့ရခြင်းဖြစ်ပါတယ် ။

” တတိယ အကြိမ်တူးလိုက်တဲ့အခါ အော်ပရေတာက မြေကြီးတွေပေါ်မှာ သွေးတွေကို တွေ့လိုက်ရပါတယ် ပြီး တော့ ဆက်ပြီးတူးလိုက်တဲ့အခါ သေနေတဲ့ မြွေကြီးကိုတွေ့ရတာပါပဲ ” လို့ အလုပ်သမားတွေက ပြောပါတယ် ။

” အဲဒီတချိန်တည်းမှာပဲ ရွှေရောင်အဆင်းရှိတဲ့ နောက်မြွေကြီးတကောင်ကပါးစပ်ကြီးဟပြီး ပေါ်လာခဲ့ပါတယ်.. ကားမောင်းသမားဟာ ကြောက်လန့်လွန်းတဲ့အတွက် အလွန်ကို တုန်လှုပ်ခဲ့ပါတယ် တခြား အလုပ်သမား တွေကတော့ အဲဒီအချိန်မှာ

အသက်ရှင်ဖို့အတွက် ထွက်ပြေးသွားကြပါပြီ .. အချိန်အတော်ကြာလို့ အလုပ်သမားတွေ ပြန်ရောက်လာတဲ့အခါ ဒါဏ်ရာရနေတဲ့ မြွေကြီးကသေဆုံးနေပါပြီ ဒါပေမယ့် နောက်မြွေကြီး တ ကောင်ကတော့ တောထဲမှာ ပျောက်ကွယ်သွားခဲ့ပါတယ် မြေတူးစက်မောင်းတဲ့သူဟာ ကြောက် လန့်လွန်းတဲ့ အတွက် စိတ်မူမမှန်ဖြစ်ခဲ့ရပြီး အခုဆိုရင် မတ်တပ်တောင်မရပ်နိုင်တော့ပါဘူး ”

နောက်ဆက်တွဲ သတင်းမှာ ဖော်ပြခဲ့တာကတော့

” မြေတူးစက်မောင်းသမားဟာ အလွန်ကို ထိတ်လန့်ခဲ့တာကြောင့် နှလုံး တိုက်ခိုက်ခံရမှု ( Heart Attack)
ရရှိခဲ့ပြီး ဆေးရုံကိုပို့ခဲ့ရပါတယ် ။ ဒါပေမယ့် နောက်ပိုင်းမှာ တော့ သေဆုံးသွားခဲ့ပါတယ် ” လို့ဆိုပါတယ် ။

သေနေတဲ့မြွေကြီးဟာ ၅၅ ပေ (၁၆.၇ မီတာ) ရှည်လျှားပြီး ခန့်မှန်းခြေ နှစ်ပေါင်း ၁၄၀ သက်တမ်း ရှိပါပြီ ။

ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် အစိုးရထုတ် သတင်းစာတွေကတော့ မြွေကြီးအကြောင်းကို အကျယ်တ၀င့် ရေးသား ခဲ့ကြပြီး ဓါတ်ပုံသတင်းတွေအရ အလွန်ကြီးမားတဲ့မြွေကြီးဟာ တကယ်တော့ ဒီဒေသဟာသူ့ရဲ့ (စားကျက် )ကျက်စားရာနေရာမဟုတ် ပါဘူးလို့ဆိုထားပါတယ် ။

မူရင်း _ Mandalay Gazette

Photo Credit : meizu.com

အခမဲ့ရနိုင်သော email လိပ်စာများ


http://www.30gigs.com:
Storage ပမာဏ 30GB (1GB = 1024MB) ရနိုင်ပါတယ်။

http://www.aussiemail.com
သြစတြေးလျ email service တစ်ခုကနေ ကျောင်းသားသုံး ရည်ရွယ်ပြီး
ဖန်တီးပေးထားတာပါ။

http://www.aim.com:
America Online ရဲ့ service ဟာ အခမဲ့ အသုံးပြုသူတွေအတွက် 5GB ပမာဏပေးထားပြီး
နောင်မှာ unlimited အထိတိုးမြှင့်ပေးပါလိမ့်မယ်။

http://www.bigstring.com:
acount အမျိုးမျိုး ခွဲခြားထားပြီး 2GB ကနေ 20 GB အထိ သိုမှီးပမာဏ
ဖန်တီးပေးထားပါတယ်။ ထူးခြားတဲ့ စနစ်နဲ့ နည်းပညာကို အသုံးပြု တည်ဆောက်ထားတဲ့အတွက်
အသုံးပြုသူဟာစိတ်ချမ်းသာမှု ရစေပါမယ်လို့ ကတိပြုထားပါတယ်။

http://www.bluebottle.com:
spamတွေကို ကာကွယ်ဖို့ မြင့်မားတဲ့ tools တွေကို သုံးစွဲပြီး
ပေးပို့သူနဲ့လက်ခံသူနှစ်ယောက်ကြား မှာရှိတဲ့ ဆက်ဆံရေးကိုမူတည်ပြီး ယုံကြည်
စိတ်ချရမှုရှိ၊ မရှိ ဆိုတာကိုတောင် ရွှေးချယ်ပေးပါတယ်။

http://www.canada.com:
ကနေဒါတစ်နိုင်ငံလုံးမှာ သတင်းမွှေးနေတဲ့ Email တစ်ခုပါ။

http://www.canoe.ca:
ကနေဒါ service provider တစ်ခုရဲ့ လိပ်စာပါ။

http://www.care2.com:
အခမဲ့ သုံးစွဲနိုင်တဲ့ service တစ်ခုဖြစ်သလို user က ယုံကြည်စိတ်ချမှုရှိပြီး
သဘောကျခဲ့မယ်ဆိုရင် တော့အလှူငွေ ပါဝင်လှူဒါန်းနိုင်ပါတယ်။ အဲဒီ ဒါနတရားဟာ
ကမ္ကာတစ်ဝန်းလုံးမှာရှိတဲ့ မဖွံ့ဖြိုး၊ မတိုးတက်သေးတဲ့ နေရာတွေအတွက်
ရည်ရွယ်ပါတယ်။

http://www.DCEmail.com:
ဝါရှင်တန်ဒီစီရဲ့အခမဲ့ဝန်ဆောင်မှုတစ်ခုပါ။

http://www.dbzmail.com
ကာတွန်းတို့ ပန်းချီတို့နဲ့ ပက်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့
“out-blaze” ရဲ့ service တစ်ခုဖြစ်ပါတယ်။ ကာတွန်းချစ်သူတွေ အချင်းချင်း
ဆက်သွယ်ပြီး အမြင်တွေကို ဖလှယ်ရင်း ဝေမျှခံစားနိုင်ပါတယ်။

http://www.DidaMail.com
အင်္ဂလိပ်၊ အာရေဗျ ဒီဇိုင်းနှစ်မျိုးနဲ့ နှစ်သက်ရာရွေးချယ်နိုင်ပြီး POP3 acount
တွေကို ပေးပိုနိုင်တယ် လို့ဆိုပါတယ်။

http://www.emailaccount.com
domain အခွဲပေါင်း မြောက်မြားစွာရှိတဲ့ အခမဲ့ဝန်ဆောင်မှုတစ်ခုပါ။

http://www.fastmail.fm:
သိုလှောင်မှုပမာဏ နည်းပါးပေမယ့် စာပို့ခြင်းနဲ့ လက်ခံယူခြင်းတို့မှာ
အလွန်မြန်ဆန်ပြီး လူကြိုက်များပါတယ်။

http://www.gawab.com
ဘာသာစကား ၁၂ မျိုးကျော်နဲ့ သုံးစွဲလို့ရတဲ့ 1GB Mail ပါ။

http://www.Gratfiti.net:
သိုလှောင်မှုပမာဏ 100 MB အထိ ပေးထားပါတယ်။

http://www.hotpop.com:
online သိုလှောင်မှု 100 MB ရရှီစေပါတယ်။

http://www.hushmail.com:
Email တွေနဲ့ ဖိုင်တွေကို လုံခြုံမှုဝှက်စာနဲ့ ပို့ဆောင်ပေးပါတယ်။

http://www.icqmail.com
အခမဲ့ကို 6MB သာ ပေးအပ်ထားပေမယ့် တခြား IM နဲ့ အသုံးဝင်တဲ့ features တွေအများအပြား
ရှိနေပါတယ်။

http://www.inbox.com:
5 GB ပေးထားပြီး IMAP ချိတ်ဆက် ရရှိစေပါတယ်။

http://ww.indiatimes.com:
Calendar တစ်ခုနဲ့ Mail Alert တစ်ခုပါဝင်ပြီးအိန္ဒိယနိုင်ငံရဲ့ ဘာသာစကား အပါအ၀င်
language ပေါင်း ၁၂ မျိုးနဲ့ သုံးစွဲနိင်ပါတယ်။

http://ww.InMail24.com:
POP3/ IMAP တွေကို လက်ခ့တဲ့အတွက် 16 MB သာ ပေးအပ်ထားပေမယ့် ကိုယ့်ရဲ့ Email တွေကို
outlook ကနေ တစ်ဆင့် ချိတ်ဆက်လို့ ရနိုင်ပါတယ်။

http://www.jubli.com:
ဖိုင်တွေကို upload တင်လို့ ရသလို chat နဲ့ voip ကိုပါ ပေးအပ်ထားတဲ့ Email
ဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်။

http://www.linuxmail.org:
Linux OS ရဲ့ အဆင်အပြင်နဲ့ အခမဲ့ service တစ်ခုပါ။

http://www.litepost.com:
Alpha (စမ်းသပ်ဆဲ ကာလ) အဆင့်သာရှိသေးပေမယ့် online ရဲ့ e-mail သုံးစွဲသူ
လောကမှာတော့သတင်းမွှေးပျံ့လျက်ရှိပါတယ်။

http://www.lycosMail.com:
3 GB ပေးထားပြီး attachments ကိုတော့ limit နကန့်သတ်ဘူးလို့ ကြေညာထားပါတယ်။

http://www.hotmail.com
Microsoft ကုမ္ပဏီရဲ့ ၀န်ဆောင်မှု တစ်ခုပါ။ စတင် ယူယူချင်းမှာ 250 MB ရရှိပေမယ့်
invite letter ရှာဖွေနိုင်ခဲ့မယ်ဆိုရင် 2GB ပမာဏအထိ ရနိုင်ပြီး ကြော်ငြာတွေကိုပါ
လျှော့ချပစ်နိုင်ပါလိမ့်မယ်။

http://www.dora.com:
2 GB ပေးထားပြီးနှစ်သက်ဖွယ်ရာအသွင် အပြင်ရှိပါတယ်။

http://www.mailsnare.net:
အခမဲ့အသုံးပြုသူတွေအတွက် 40 MB သုံးစွဲခွင့် ရှိပါတယ်။

http://www.mailzworld.com:
အဆုံးအစမရှိ သိုလှောင်မှု ပမာဏ ရရှိပါတယ်။

http://www.Merseymail.com:
လီဗာပူးတက္ကသိုလ်ရဲ့ ကျောင်းသားများ အတွက် ရည်ရွယ်ထုတ်ဝေထားခဲ့တဲ့ mail
တစ်ခုပါ။

http://www.muchomail.com:
25 MB သိုလှောင်နိုင်ပါတယ်။

http://www.myway.com:
ရှင်းလင်းသပ်ရပ်တဲ့ Email လှလှ ကလေးတစ်ခုဖြစ်ပါတယ်။

http://webmail.opera.com:
opera browser ကို သုံးစွဲကြသူတွေအတွက်ရည်ရွယ်ထားတဲ့ webmail ဟာ 3 MB
သိုလှောင်မှုပေးပါတယ်။

http://www.outhun.com:
“Out-blaze” ရဲ့ အိမ်ရှင်မတွေအတွက် ရည်ရွယ်ထားတဲ့ ၀န်ဆောင်မှုတစ်ခုပါ။

http://www.postmaser.co.uk:
ရှေးကျတဲ့ e-mail တစ်ခုပါ။ 1 GB သိုလှောင်ခွင့် ပေးထားပြီး provide က UK မှာ
ရှိနေပါတယ်။

http://www.prontomail.com:
attachment ကို 2MB အထိ ပေးထားတဲ့ 25MB ပမာဏ အီးမေးလ်တစ်ခုပါ။

http://www.rediff.com:
1 GB ပမာဏ သိုလှောင်မှုနဲ့အတူ 10 MB attachment ရရှိစေတဲ့ အိန္ဒိယ အခြေစိုက်
ဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။

http://www.runbox.com:
10 GB ပမာဏကို စမ်းသပ်ခွင့် သုံးလပေးထားပါတယ်၊၊ အခမဲ့သမားတွေအတွက်အမှန်တကယ်
သုံးစွဲနိုင်တာက 1GB/ 10 MB ဖြစ်ပါတယ်။

http://www.sacmail.com:
3.5 MB အထိ file ချိတ်ဆက်လို့ရတဲ့ e-mail တစ်ခုဖြစ်ပြီး 25 MB ပမာဏ
ပေးအပ်ထာပါတယ်။

http://www.safe-mail.net:
3 MB သာ storage ပေးထားပေမယ့်ပေးပို့သူ တွေအတွက်ကိုတော့ လုံခြုံရေး
မြင့်မြင့်မားမား တည်ဆောက်ထားပါတယ်။

http://www.ureach.com
NGO အဖွဲ့အစည်းတစ်ခုရဲ့ အခမဲ့ ၀န်ဆောင်မှုတစ်ခုပါ။

http://vfemail.net:
15 MB ရှိပြီး up-grade ကိုတော့ ငွေပေးဝယ်ယူရပါမယ်။

http://www.zilladog.com:
ကလေးတွေအတွက် ရည်ရွယ်ပြီး ဂိမ်းတွေ ဆော့ကစားနိုင်စေဖို့သူငယ်ချင်းတွေနဲ့ e-mail
အပြန်အလှန် ပို့ဆောင်စေဖို့ ဖန်တီးထားပါတယ်။

http://www.yahoo.com/mail:
ရှေးအကျဆုံးနဲ့ များပြားတဲ့ domain ပေါင်းစုံရှိနေတဲ့ service ပါ။ yahoo
ကုမ္ပဏီရဲ့အပိုင် ဖြစ်ပါတယ်။

Top 10 Websites for Learning English


A message to all members of Hein Psychosocial Support


ပြီးခဲ့တဲ့လတွေတုန်းက ... ကျွန်တော်တို့က Internet Useability နဲ့
ပတ်သက်ပြီးရေးတော့ စာဖတ်သူ တွေဘက်က အင်တာနက် သုံးတာတော့ ဟုတ်ပါပြီ။
အင်တာနက် စသုံးသုံးချင်းမှာ ယောင်လည် လည်နဲ့ ဘယ် Websites တွေ၊
ဘာတွေကြည့်ရမှာလဲလို့ ပြန်မေးလာ ပါတယ်။ တကယ်တော့ အင်တာနက်ပေါ်မှာ
ကြည့်လို့ မရတဲ့ Topic ဆိုတာ မရှိသလောက်ပါ။ အပ်ကစ ဂေါ်ဇီလာအဆုံး၊ Related
Information တွေ အားလုံးကို online ပေါ်မှာ အလွယ်တကူရရှိနိုင်ပါတယ်။
ဒါကြောင့်မို့ စာရေးသူအနေနဲ့ ဒီလကစပြီး အင်တာနက်ပေါ်က အကောင်းဆုံး Top Ten
Websites တွေကို သူ့အမျိုး အစား Categories အလိုက် လစဉ်ဖော်ပြသွားပါမယ်။

ဒီလ တင်ပြချင်တာကတော့ ကမ္ဘာ့အကောင်းဆုံး အင်္ဂလိပ်စာသင်ကြားရေး Websites ၁၀
ခု ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ လူငယ်တွေအတွက် အင်္ဂလိပ်စာသင်တန်း တွေ၊
နိုင်ငံတကာ အသိအမှတ်ပြု Courses တွေ မျိုးစုံရှိ ပါတယ်။ အချိန်၊ ငွေကြေး
တတ်နိုင်ရင် အလွယ်တကူ တက်ရောက် သင်ကြားလို့ရပါတယ်။ ဒါပေမယ့် အွန်လိုင်း
ပေါ်က Learning English Websites တွေကတော့ အချိန် ကုန်ငွေကုန် သက်သာပြီး
နောက်ဆုံးပေါ် up-to-date English Language Knowledge တွေကို အလွယ်တကူ
လေ့လာလို့ရတာမို့ ယခုလိုတင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။ ဒီ Websites တွေရဲ့
အဆင့်သတ်မှတ်ချက် (Ranking) ကို ယူကေနိုင်ငံအခြေစိုက် လွတ်လပ်တဲ့
အွန်လိုင်း လေ့လာသူများအသင်းက သတ်မှတ်ထားခြင်းပါ။

ကဲ ...ကမ္ဘာ့အကောင်းဆုံး အင်္ဂလိပ်စာ သင်ကြားရေး Websites တွေဆီကို
အလည်သွားကြရ အောင် ...။





www.nonstopenglish.com

ဒီ website ကတော့ အင်္ဂလိပ်စာသင်ကြားရေး နဲ့ ပတ်သက်ပြီး
ကမ္ဘာ့အကောင်းဆုံး နံပါတ်(၁) website ဖြစ်ပါတယ်။ ဒီ website မှာ
အသုံးပြုသူ User တွေ အနေနဲ့။ ကိုယ့်ရဲ့ English Grammer and Vocabulary
Skill တွေကို Interactive Tests တွေနဲ့ စစ်ဆေးကြည့်လို့ ရပါတယ်။ ဒါ့အပြင်
Register လုပ်ပြီး User log-in နဲ့ ၀င် မယ်ဆိုရင်လည်း သူ့ဆီက အခမဲ့ Email
Test တွေ ရယူ ဖြေဆိုပြီး ကိုယ့်ရဲ့ရမှတ်ကိုလည်း ပြန်လည်ကြည့်ရှုလို့ ရပါ
တယ်။ ဒီ websites က သူ့ရဲ့ Tests တွေကို အပတ်စဉ် Update လုပ်ပေးပါတယ်။

www. englishclub.com

သူကတော့ ဒုတိယအကောင်းဆုံး Learning English websites ပါ။ ဒီ
website မှာတော့ လူငယ်ကြိုက် လွတ်လပ်စွာ English သင်ကြားတဲ့ပုံစံကို
ရယူနိုင်ပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ကဗျာလေးတွေ၊ စာလေးတွေကို website
ပေါ်မှာပြန်ပြီး Upload လုပ်လို့ရသလို ကိုယ့်ရဲ့ ထင်မြင်ချက်
(Comments)တွေကိုလည်း website ပေါ်မှာ ရေးလို့ရပါတယ်။ ဒါ့အပြင်
အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့မေးခွန်းပြသနာတွေကို
လည်း အခမဲ့ email
နဲ့ ဖြေကြားပေးပါသေးတယ်။

www.freeenglish.com

ဒီ website မှာတော့ အခမဲ့သင်ခန်းစာတွေ၊ English နဲ့ ပတ်သက်တဲ့
ebook တွေကို download ရယူ နိုင်ပါတယ်။

www.rong-chang.com

ဒီ website ကတော့ အင်္ဂလိပ်စာကို second language အဖြစ် လေ့လာတဲ့
သူတွေအတွက် အထူး လွှင့်တင်ထားတဲ့ website ပါ။ အထူးသဖြင့် ကျွန်တော်
တို့လို english ဘာသာ mother language မဟုတ်တဲ့ လေ့လာသူများအတွက်
သင့်လျော်ပါတယ်။ လေ့ကျင့်ခန်း မျိုးစုံထဲက ကိုယ်နဲ့ကိုက်ညီမယ့်
လေ့ကျင့်ခန်းတွေကို ရွေးချယ်လေ့ကျင့်နိုင်ပါတယ်။

www.englishathome.com

ဒီ website မှာတော့ Grammer, vocabulary, verbs and speaking
games တွေနဲ့ english newsletter (သတင်းလွှာ)တွေကို အခမဲ့ရယူနိုင်ပါတယ်။

www.nylanguageexchnage.com

ဒီ website ကတော့ နာမည်အတိုင်း မတူညီတဲ့ ဘာသာစကား နှစ်ခုကို
မတူညီတဲ့ လူနှစ်ယောက် သင်ယူ တဲ့ နေရာမှာ ကူညီပေးပါတယ်။ ဥပမာ -
ပြင်သစ်စကား သင်နေတဲ့ english speaker တစ်ယောက်နဲ့ အင်္ဂလိပ် စကားသင်နေတဲ့
french speaker တစ်ယောက် အပြန် အလှန် သင်ကြားတဲ့ပုံစံမျိုးပါ။

www.roseofyork.co.uk

ဒီ website ကိုတော့ the rose of york english college က
လွှင့်တင်ထားတာပါ။ ဒီ site မှာ user တွေ အနေနဲ့ general english, business
english, academic english, english speaking စတာတွေကို အခမဲ့သင်ကြား
လေ့လာနိုင်ကြပါတယ်။



www.expertenglish.com

ဒီ site မှာတော့ user တွေကိုယ်တိုင် ပါဝင် (participate)
နိုင်တဲ့ program တွေနဲ့ အင်္ဂလိပ်ဘာသာကို သင်ကြားပေးထားပါတယ်။ ဥပမာ - one
stop english perfection program မျိုးတွေနဲ့ပါ။

www.worldenglish.com

ဒီ website ကတော့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ english
ဘာသာလေ့လာသူတွေအနေနဲ့ Highest quality english language resources တွေကို
ရရှိကြစေနိုင်ဖို့ လွှင့် တင်ထားတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ထူးခြားချက်က
မျက်စိမှုန်သူများနှင့် အသက်အရွယ် ကြီးရင့်သူတွေ အတွက်ပါ လေ့လာနိုင်ဖို့
font size အကြီး အသေးကို အဆင့် ၄ ဆင့်အထိ ပြောင်းလို့ရပါတယ်။ အင်တာနက်
ပေါ်က စာလုံးသေးသေးလေးတွေကို ဖတ်ရတာ စိတ် ပျက်နေသူတွေအတွက်
များစွာသင့်လျော်ပါတယ်။

www.learnenglish.org.uk

ဒီ website မှာတော့ english ဘာသာလေ့လာ ရာမှာ အထောက်အကူပြု
quotes တွေ၊ films တွေ၊ music file တွေကို အခမဲ့ download
ရယူနိုင်ကြပါတယ်။

ချိုမြိန်ဒုက္ခ


ကော်ဖီကိုအရမ်းကြိုက်တဲ့ငါ
ကော်ဖီရဲ့ဆိုးကျိုးကို သိတဲ့ငါ
ဒီ့ထက်ပိုမစွဲလမ်းသင့်တာသိတဲ့ငါ
ဖြတ်ဖို့ကြိုးစားရင်း
ဆက်သောက်မြဲသောက်ရင်း
ကော်ဖီကြောင့်ရတဲ့ဒုက္ခတွေ တပွေ့တပိုက်
ပြုံးလိုက်ပျော်လိုက် နာကျင်လိုက်ကြေကွဲလိုက်
ဆက်သောက်မယ်ရည်ရွယ်ရင်း
နောက်ဆုံးတစ်ကျိုက် ငါမျိုချလိုက်တယ်
ကော်ဖီရဲ့အခါးဒဏ်ကပျင်းလွန်းလို့
ရင်ထဲကလက်မခံ ပြန်အန်ထွက်တာကို
နင်အပြစ်မမြင်ပါနဲ့
ကော်ဖီကရတဲ့ဝေဒနာတွေကို
ငါ့နှလုံးသားက လက်ခံပေမယ့်
ငါ့အစာအိမ်က လက်မခံနိုင်တော့ဘူးလေ။ ။

Internet download manager 5.18 crack


ကျွန်တော် ဒီနေ့တော့ internet download manager 5.18 crack လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ တော်တော်လေးကောင်းပါတယ်။ crack ဒီလိုပါ။ internet download manager ကို install လုပ်လိုက်ပါ။ ပြီးရင် my computer ထဲ က local disc (:c) ထဲက ကျွန်တော် ဆိုလိုတာက window တင်ထားတဲ့ အပိုင်း ပြောတာပါ။ အများအားဖြင့် (:D) ကို သိပ်ဖို့ အတွက် အလွတ်ထားပြီး (:C) မှာ window တင်လေ့ရှိပါတယ်။ တချို့ က တော့ လောဘ ကြီးတယ်ဗျ ။ (:D ) ကို ကော (:C) ကို နှစ်ခု စလုံး တစ် ခု xp ဆို တစ်ခု မှာ vista ပေါ့။ အခု ကျွန်တော် ဆက်ပြောပါ့မယ်။ program ဖိုင် ကိုဖွင့် ပါ။ ထိုထဲ internet downlaod manager ဖိုင်ကို ဖွင့် ပါ။ ဒီထဲ ကျွန်တော် ပေးတာတဲ့ patch 5.xx ကို ထည့်ပြီးဖွင့် patch ကို click ပါ။ serial number တွေ ဘာတွေ တစ်ခါတည် crack ပေးသွားပါလိမ့်မယ်။ အောက် ဒေါင်းပြီး ယူလိုက်ပါ။

Website Ripper Copier 3.5.2


ဝဘ်ဆိုက်တစ်ခုလုံးကို copy လုပ်ချင်သူများ အတွက်ပါ။ အသုံးတဲ့ မယ်လို့ ထင်ပါတယ်။ အောက်မှာ ဒေါင်းယူသွားလိုက်ပါ။

ကလေးများနေ့ အမှတ်တရ


မင်္ဂလာပါ။ ပန်းချီ ကား လေးတွေ ကို တင်ပေးဖြစ်သွားတဲ့ အကြောင်း က ဒီ ချစ်စရာကောင်းတဲ့ ဆီဆေး ပန်းချီး ကားလေးတွေ တင်ဖြစ်သွားတာက ဒီနေ့ January ဒုတိယပတ် စနေနေ့ ဖြစ်ပြီး ဒီနေ့ က ကလေးများ နေ့ ပါ ။ ပြီးတော့ ကျွန်တော် မွေးနေ့ လည်းဖြစ်ပါတယ်။ ကျွန်တော် အဖို့ ၁၄ နှစ် မှ အသက် တစ် နှစ် ကြီးလာတာ ပေါ့ဗျာ။ ကလေးပုံ လေးတွေက အရမ်းချစ်ဖို့ ကောင်းပါတယ်။ ဒီလို နဲ့ ကျွန်တော် ရေးဖြစ်သွားတာပါ။





































Kaspersky Internet Security 2010 - Mediafire Link



Kaspersky Anti-Virus 2010 ပြီးသွားတော့ Kaspersky
Internet Security 2010 ကိုထပ်ပြီးတင်ပေးလိုက် ပါတယ်ခင်
ဗျား။ ကိုယ်ကြိုက် တဲ့ဟာကိုသုံးကြပါခင်ဗျား။ လိုချင်ရင်တော့
အောက်မှာပေးထားတဲ့ Link ကနေတ ဆင့်သွားပြီး Download လိုက်ကြပါခင်ဗျား။ Full Versions ကိုမရလဲ အကောင်းဆုံးဖြစ်
အောင်လို့ စီစဉ်ပေး ထားပါတယ် ခင်ဗျား။ အဆင်မပြေတဲ့သူများ
အတွက် Media Fire ကနေထပ်ပြီးတင်ပေး လိုက်ပါတယ်ခင်ဗျား။


Download Kaspersky Internet Security 2010

Learn How To Use Kaspersky Anti-Virus 2010 Forever

မူရင်းကတော့..ကိုကျော်စွာ.http://www.mgkyawswarnyein.net

ကိုယ်ဘယ်နေ့ သေမလဲသိချင်ကြပါသလား။


ကျွန်တော် က တော့ မသိချင်ပါဘူး။ ဘာဖြစ်လို့ လဲဆို သေရမှာ ကြောက်လို့ ဆိုလဲ မ,မှားပါဘူး။ လူတိုင်းဟာတစ်နေ့ တော့ သေရမယ်ဆိုတဲ့ စကားတော့ လူတိုင်းကြားဖူးမှာ ပါ။ ဒါနဲ့ သိချင်သူများအဖို့ ကျွန်တော် ပေးထားတဲ့ လင့်ခ် လေးမှာ သွားပြီးမေးပေါ့ဗျာ။ သက်တမ်းတိုတယ် ဆိုရင် တော့ ဗေဒင်မှားတယ် လို့ မှတ်ပေါ့။ ရှည်တယ် ဆိုရင်တော့ မှန်တယ်ပေါ့။ ဟုတ်ပြီလား ။ စမ်းကြည့် ချင်တယ် ဆိုရင် တော့ သွားပြီးတော့ တာ စမ်းပေတော့။

An easy way to backup your blog


အချိန်ကုန်ခံ၊ အပင်ပန်းခံ၊ ခါးညောင်းခံ တင်ထား ရေးထားတဲ့ မိမိရဲ့ ပို့စ်တွေကို backup လုပ်ထားချင်သူများ အောက်ပါနည်းတွေအတိုင်းလုပ်လို့ ရကြောင်းရှာတွေ့တာလေး ပြန်ရှဲလိုက်ပါတယ်။ သိပြီးသား လည်းဖြစ် ချင်ဖြစ်မှာပါ။

http://blogname.blogspot.com/search?max-results=1000

blogname နေရာမှာ မိမိဘလော့ နံမည်ကိုရိုက်ပါ။ ပို့စ် ၁၀၀၀ ထက်နဲရင် save လုပ်လို့ရ တယ်လို့ ဆိုထားပါ တယ်။ တထောင် ထက် ကျော်ရင်တော့ မပြောတက်ဘူး။ အပေါ်က လိပ်စာအတိုင်းရိုက် ထဲ့လိုက်ရင် သင်ရေးခဲ့ သမျှ ပို့စ်အားလုံးပေါ်လာပါလိမ့်မယ်။ ပထမ ဦးစွာ ပုံတွေကို သီးသန့် save လုပ်ဖို့ firefox extension တခုဖြစ်တဲ့ DownThemAll ကိုသုံးပြီး ပုံတွေကို download လုပ်ယူနိုင်ပါတယ်။ မိမိဖတ်ချင်တဲ့ ဘလော့ဂါတယောက်ရဲ့ ရေးခဲ့သမျှ ပို့စ်တွေကို တခါထဲ ဖတ်ချင်ရင်လဲ အပေါ်က လင့်မှာ မိမိဖတ် မဲ့ဘလော့ဂါရဲ့ လိပ်စာကိုပြောင်း ထည့်လိုက်ပါ။

နောက်တဆင့်က ရေးထားတဲ့ ပို့စ်တွေက စာတွေသီးသန့် save ဖို့ အောက်က လင့်ကို သွားပါ။
http://blogname.blogspot.com/feeds/posts/default?max-
results=1000
XML feed ပါပဲ။ ပို့စ်က စာတွေပဲ သီးသန့်ပေါ်လာတာကို save page as(Ctrl+S) လုပ်လိုက်ရုံပါပဲ။ comments တွေကို သိမ်းဖို့
http://blogname.blogspot.com/feeds/comments/default?max-
results=1000
ဖြစ်ပါတယ်။

Gmail ရဲ့လုပ်ဆောင်မှုအသစ်တွေပါ


Gmail ရဲ့လုပ်ဆောင်မှုအသစ်တွေပါGoogle က ၎င်းင်းရဲ့ Gmail အ သုံးပြုသူတွေအတွက် လုပ်ဆောင် ချက်သစ်တွေ ထပ်မံဖြည့်စွက် ပေးလိုက်တဲ့အကြောင်း သိရပါတယ်။
ဒီလုပ်ဆောင်ချက်သစ်တွေကို Gmail Settings အတွင်းရှိ labs tab ထဲကနေ ရယူအသုံးပြုနိုင်ကြ မှာဖြစ်တဲ့အကြောင်း Gmail ရဲ့ product manager Keith Coleman က ပြောဆိုထားပါတယ်။ ဒီလုပ်ဆောင်ချက်သစ်တွေကြောင့် အသုံးပြုသူတွေအနေနဲ့ မိမိတို့ရဲ့ Gmail message တွေကို bookmark ပြုလုပ်ခြင်း၊ message တွေကို ကြယ်ပွင့် (Superstar) သတ်မှတ်ခြင်း၊ e-mail စွဲနေသူ တွေအနေနဲ့ e-mail addict tool ကို သုံးကာ ၁၅ မိနစ်ကြာ မိမိတို့ရဲ့ account ထဲဝင်ရောက်ခွင့်မရ အောင်ပြုလုပ်ခြင်း၊ mouse ရွေ့ လျားမှုကိုအခြေခံပြီး လုပ်ဆောင် ချက်တွေ သတ်မှတ်အသုံးပြုနိုင် ခြင်း၊ ကီးဘုတ် shorcut တွေ အ သုံးပြုခြင်း၊ e-mail reply အတွင်း signature ဖိုင်အလို အလျောက်ထည့် သွင်းခြင်း၊ chat list အတွင်းက တခြားသူတွေရဲ့ Status message ကို hide လုပ်ကာနေရာ လွတ်ပိုမိုပေးထားနိုင်ခြင်း စတဲ့ လုပ်ဆောင်ချက်တွေ ပါရှိလာမယ် လို့ သိရပါတယ်။
ယခုလောလောဆယ်အားဖြင့် Google ရဲ့ အင်ဂျင်နီယာတွေက သာ ကုမ္ပဏီရဲ့ဝန်ဆောင်မှုအတွင်း လုပ်ဆောင်ချက်သစ်တွေ ထည့် သွင်းပေးနိုင်ပေမယ့် နောက်ပိုင်းမှာ တော့ ဘယ်သူမဆို မိမိတို့ဖန်တီး ရေးဆွဲထားတဲ့ code တွေကို Google ၀န်ဆောင်မှုအတွင်း ထည့်သွင်းနိုင်အောင် ဖွင့်ပေးသွား ဖို့ ရည်ရွယ်ထားတဲ့အကြောင်း လည်း Coleman က ဆိုထားပါ တယ်။ Yahoo ကနေ Zimbra လို့ အမည်ပေးထားတဲ့ open-source ပရောဂျက်တစ်ခုကိုစတင်ကာပြင်ပ က ဆော့ဖ်ဝဲရေးသားသူတွေကို ဖိတ်ခေါ်ခဲ့ပေမယ့် အသစ်ထွက် ပေါ်လာတဲ့ လုပ်ဆောင်ချက်တွေ ကို Yahoo ရဲ့ ၀န်ဆောင်မှုတွေထဲ ပေါင်းစပ်ထည့်သွင်းပေးဖို့ အစီ အစဉ်မရှိသေးဘူးလို့ သိရပါတယ်။
Google အနေနဲ့ ၎င်းင်းတို့ရဲ့ Gmail ၀န်ဆောင်မှုကို အဆင့်မြင့် ၀န်ဆောင်မှုတစ်ရပ်အဖြစ် ရောက် ရှိနိုင်အောင် ကြိုးစားနေတာဖြစ်ပြီး နောက်ထပ်လုပ်ဆောင်ချက်သစ် တွေ ထပ်မံဖြည့်စွက်ပေးပြီးမှသာ beta version ကို အဆုံးသတ်ဖို့ စဉ်းစားမှာဖြစ်တဲ့အကြောင်းလည်း Coleman က ပြောဆိုသွားခဲ့ပါ တယ်။
Related Posts with Thumbnails
 

ဖန်းတီးရှင်-မောင်သက်©2008

ဆက်သွယ်ရန်- thettunoo95@gmail.com