Gmail ရဲ့လုပ်ဆောင်မှုအသစ်တွေပါ


Gmail ရဲ့လုပ်ဆောင်မှုအသစ်တွေပါGoogle က ၎င်းင်းရဲ့ Gmail အ သုံးပြုသူတွေအတွက် လုပ်ဆောင် ချက်သစ်တွေ ထပ်မံဖြည့်စွက် ပေးလိုက်တဲ့အကြောင်း သိရပါတယ်။
ဒီလုပ်ဆောင်ချက်သစ်တွေကို Gmail Settings အတွင်းရှိ labs tab ထဲကနေ ရယူအသုံးပြုနိုင်ကြ မှာဖြစ်တဲ့အကြောင်း Gmail ရဲ့ product manager Keith Coleman က ပြောဆိုထားပါတယ်။ ဒီလုပ်ဆောင်ချက်သစ်တွေကြောင့် အသုံးပြုသူတွေအနေနဲ့ မိမိတို့ရဲ့ Gmail message တွေကို bookmark ပြုလုပ်ခြင်း၊ message တွေကို ကြယ်ပွင့် (Superstar) သတ်မှတ်ခြင်း၊ e-mail စွဲနေသူ တွေအနေနဲ့ e-mail addict tool ကို သုံးကာ ၁၅ မိနစ်ကြာ မိမိတို့ရဲ့ account ထဲဝင်ရောက်ခွင့်မရ အောင်ပြုလုပ်ခြင်း၊ mouse ရွေ့ လျားမှုကိုအခြေခံပြီး လုပ်ဆောင် ချက်တွေ သတ်မှတ်အသုံးပြုနိုင် ခြင်း၊ ကီးဘုတ် shorcut တွေ အ သုံးပြုခြင်း၊ e-mail reply အတွင်း signature ဖိုင်အလို အလျောက်ထည့် သွင်းခြင်း၊ chat list အတွင်းက တခြားသူတွေရဲ့ Status message ကို hide လုပ်ကာနေရာ လွတ်ပိုမိုပေးထားနိုင်ခြင်း စတဲ့ လုပ်ဆောင်ချက်တွေ ပါရှိလာမယ် လို့ သိရပါတယ်။
ယခုလောလောဆယ်အားဖြင့် Google ရဲ့ အင်ဂျင်နီယာတွေက သာ ကုမ္ပဏီရဲ့ဝန်ဆောင်မှုအတွင်း လုပ်ဆောင်ချက်သစ်တွေ ထည့် သွင်းပေးနိုင်ပေမယ့် နောက်ပိုင်းမှာ တော့ ဘယ်သူမဆို မိမိတို့ဖန်တီး ရေးဆွဲထားတဲ့ code တွေကို Google ၀န်ဆောင်မှုအတွင်း ထည့်သွင်းနိုင်အောင် ဖွင့်ပေးသွား ဖို့ ရည်ရွယ်ထားတဲ့အကြောင်း လည်း Coleman က ဆိုထားပါ တယ်။ Yahoo ကနေ Zimbra လို့ အမည်ပေးထားတဲ့ open-source ပရောဂျက်တစ်ခုကိုစတင်ကာပြင်ပ က ဆော့ဖ်ဝဲရေးသားသူတွေကို ဖိတ်ခေါ်ခဲ့ပေမယ့် အသစ်ထွက် ပေါ်လာတဲ့ လုပ်ဆောင်ချက်တွေ ကို Yahoo ရဲ့ ၀န်ဆောင်မှုတွေထဲ ပေါင်းစပ်ထည့်သွင်းပေးဖို့ အစီ အစဉ်မရှိသေးဘူးလို့ သိရပါတယ်။
Google အနေနဲ့ ၎င်းင်းတို့ရဲ့ Gmail ၀န်ဆောင်မှုကို အဆင့်မြင့် ၀န်ဆောင်မှုတစ်ရပ်အဖြစ် ရောက် ရှိနိုင်အောင် ကြိုးစားနေတာဖြစ်ပြီး နောက်ထပ်လုပ်ဆောင်ချက်သစ် တွေ ထပ်မံဖြည့်စွက်ပေးပြီးမှသာ beta version ကို အဆုံးသတ်ဖို့ စဉ်းစားမှာဖြစ်တဲ့အကြောင်းလည်း Coleman က ပြောဆိုသွားခဲ့ပါ တယ်။
Related Posts with Thumbnails
 

ဖန်းတီးရှင်-မောင်သက်©2008

ဆက်သွယ်ရန်- thettunoo95@gmail.com