ထူးဆန်းစွာ ဖြစ်ပေါ်နေသော တိမ်ပုံသဏ္ဍာန်များ


အောက်မှာဖော်ပြထားတဲ့ ပုံတွေကို တစ်ချက်လောက်ကြည့်ကြည့်ပါ ။ အသက်ရှုမှားလောက်ဖွယ်ရာ ကောင်း ကင် မှ တိမ်ရောင်စုံများကို သင်ခံစားရမှာပါ ။



Florence , Italy

Arno မြစ်ပေါ်မှာ ဖြစ်ပေါ်နေတဲ့ ပုံသဏ္ဍာန်ဖြစ်ပါတယ် ။ ထွက်လာတဲ့ နေမင်းကြီးရဲ့ အလင်းရောင်နဲ့ တိမ်တွေစုပေါင်းသွားတဲ့အခါမှာ စိတ်လှုပ်ရှားဖွယ်ရာ အ၀ါနဲ့ မီးခိုးရောင် ကောင်းကင်ကြီး ဖြစ်လို့သွားပါတယ် ။



Huntsville, Alabama

Jones တောင်ကြားပေါ်မှာ ညဖက်မြင်ကွင်းဖြစ်တဲ့ လျင်မြန်စွာရွှေ့လျားနေတဲ့ တိမ်တွေဖြစ်ပြီး နိမ့်နိမ့်လေး သွားနေတာဖြစ်ပါတယ် ။ မြင်တွေ့ခဲ့တဲ့ Wes Thomas ကတော့ အရမ်းကိုကံကောင်းသွားပါပြီ ။ Blurred effect ကိုရရှိဖို့အတွက် သူဟာ ကင်မရာကို 30 second exposure ချိန်ခဲ့ရပါတယ် ။




New York , New York

Brooklyn တံတားပေါ်မှာ လမ်းလျောက်စဉ် နွေနေရောင်ခြည်ပတ်ဖျန်းထားတဲ့ မြို့တော်ကို Ben Brown က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။



Rio Vista , California

သူမရဲ့ အိမ်ပြတင်းပေါက်ကနေ Diablo တောင်ကို လှမ်းကြည့်လိုက်တဲ့အခါမှာတော့ ၀ါမရင့်သေးတဲ့ ဓါတ်ပုံ ဆ၇ာမလေး Rebecca ဟာ အနီ အပြာရောနေတဲ့ ကောင်းကင်ကို ဓါတ်ပုံရိုက်ကူးယူခဲ့ခြင်းဖြစ်ပါတယ် ။



Walla Walla , Washington

နေအရမ်းမြင့်တဲ့အခါမှာ အပူရှိန်က ပြင်းလွန်းပါတယ် ။ တခါတရံမှာ အဲဒီသဘာဝတရားကို Lynn Suckow က နွေရာသီ နေ့လည်ခင်းမှာ ဓါတ်ပုံပညာနဲ့ ရိုက်ကူးထားခြင်းဖြစ်ပါတယ် ။



Valwncia , Spain

Marialuisa Wittlin ရဲ့ အဆိုရအရ ဒီ မှန်ဘီလူးပုံစံ တိမ်တွေဟာ တောင်တွေရဲ့အပေါ်မှာ တစ်နေ့လုံး ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ် ။ သူမက ဒီပုံကိုရဖို့အတွက် နေမင်းကြီးမ ၀င်သွားခင် ချစ်စရာ မြင်ကွင်းလေး ကွယ်ပျောက်မသွားခင်မှာ ကြိုးစားရိုက်ကူးခဲ့ရတယ်လို့ သိရပါတယ် ။



Buskerud , Norway

January တစ်လုံးမှာ Scandinavia ကောင်းကင်မှာ အေးအေးစိမ့်စိမ့်နဲ့ ဒီလှပတဲ့ တိမ်တွေဟာ ဖြစ်ပေါ်လို့ နေပါတယ် သူတို့ကို mother-of-pearl cloud လို့လည်း ခေါ်ပါသေးတယ် ။



Central lllinois

နေရောင်ခြည်က တိမ်ပါးပါးလေးတွေထဲကို ထိုးဖောက်ဝင်ရောက်သွားတဲ့အခါမှာ ညီညာပြန့်ကျဲနေတဲ့ မိုးပေါက်လေးတွေပေါ်ကို ဖြတ်သန်းရပါတယ် ။ အဲဒီအခါမှာ ပုံမှာ မြင်ရတဲ့အတိုင်း စွဲမက်ဖွယ် ပုံသဏ္ဍာန်လေး ဖြစ်ပေါ်လာပါတယ် ။



Santa Fe city , Argentina

အရမ်းအံ့သြစရာပါပဲ !!!!! အမည်းရောင်တိမ်တွေပေါ်က အဖြူရောင် အလင်းတန်းကြီး ။ ၈ လလောက်မိုး ခေါင်ပြီးတဲ့အခါမှာ မိုးစရွာတုန်းမှာပေါ့ ။ မိုးက 25 mm ဆိုလိုတာက ၁ လက် သာသာလောက်ပဲ ရွာချပါတယ် ။တိမ်တွေရဲ့ အရွယ်အစားရယ် ဟိုင်းဝေး လမ်းပေါ်က ကားမီးရောင်ရယ် နောက်ခံ မြို့ရဲ့ အဆောက်အအုံတွေကို မှတ်ထားရပါမယ် ။



Aurora Borealis

မနက်စောစောနာရီ ( စင်ကာပူနာရီ ခြောက်နာရီခွဲ) မှာ ရိုက်ထားတာပါ ။ အရမ်းကို မှောင်လွန်းပါတယ် ။


မူရင်း - သက်တန့်ချို
Related Posts with Thumbnails
 

ဖန်းတီးရှင်-မောင်သက်©2008

ဆက်သွယ်ရန်- thettunoo95@gmail.com