Blog တစ်ခုတွင် ပါဝင်သော အစိတ်အပိုင်းများ


ပထမအဆင့် ဘလော့ဂ်တည်ဆောက်မှု ပြီးလျှင် သင့်အကောင့်မှ ထွက်လိုက်ပါ။ ပြီးလျှင် အစမှ ပြန်ဝင်ပါ။ မိမိအကောင့်ကို ဝင်လိုက်သည်နှင့် ပထမဆုံး မြင်ရမည့် စာမျက်နှာမှာ Dashboard ပင်ဖြစ်သည်။
ပုံ - အဖွင့်စာမျက်နှာ(www.blogger.com)
Deshboard
ပုံ - Deshboard page
Dashboard တွင် အနီရောင်ဖြင့် ပြထားသည့် မိမိဖန်တီးထားသော ဘလော့ဂ်ကို မြင်တွေ့ရမည် ဖြစ်သည်။ ဂူဂယ်လ် အကောင့်တစ်ခုဖြင့် ဘလော့ဂ်အရေအတွက် အကန့်အသတ်မရှိ ဖန်တီးနိုင်သည်။ ယခု Dashboard
တွင် မြင်ရသည့် ဘလော့ဂ်များထဲမှ မိမိအသုံးပြုလိုသည် ဘလော့ဂ်ကို ရွေးချယ်ပေးရမည်။ ယခုမှ ပထမစလုပ်သော ဘလော့ဂ်များ အနေနှင့်မူယင်းနေရာတွင် ဘလော့ဂ် တစ်ခုတည်းသာ တွေ့နေရမည် ဖြစ်သည်။ ယခု ရွေးချယ်ပြထားသော အနီရောင် အစိတ်အပိုင်း၏ ဘယ်ဘက် အောက်ခြေထောင့်တင် တွေ့ရသည့် New Post ဆိုသည်ကို နှိပ်လျှင် စာမူတစ်ခုကို ချက်ချင်း တင်နိုင်မည် ဖြစ်သည်။ ထိုအကြောင်းကို ပထမအခန်းတွင်း အကျဉ်း ရှင်းပြခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် ယင်း၏ ညာဘက်ထောင့်မှ ဘလော့ဂ် စီမံခန့်ခွဲရေး အပိုင်း အကြောင်းကိုသာ အဓိကထား ရှင်းပြသွားပါမည်။
ဘလော့ဂ်တစ်ခု တည်ဆောက်ရာတွင် အဓိက အခန်းကဏ္ဍ သုံးခုရှိသည်။
• Posts
• Setting
• Layouts
စသည်တို့ဖြစ်သည်။ Posts အပိုင်းမှာ စာရိုက်ခြင်း၊ တင်ခြင်းများနှင့် သက်ဆိုင်သည်။ Setting အပိုင်းမှာ ဘလော့ဂ်ကို မည်သို့ ထိနးချုပ်မည်၊ မည်သို့ တင်ပြမည် စသည်တို့နှင့် သက်ဆိုင်သည်။ Layout အပိုင်းမှာ ဘလော့ဂ်၏ အဆင်အပြင်နှင့် ဖွဲ့စည်းမှု ပုံစံများကို ဖန်တီးယူသော အပိုင်းဖြစ်သည်။
ပုံ - ဘလော့တစ်ခုတွင်ပါဝင်သောအစိတ်အပိုင်းများ
(၁) Posting (စာတင်ခြင်း)
ပုံ(၂) Dashbooard မှာမြင်နေနရတဲ့ Posts ဆိုတာလေးကို နှိပ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ဟာ စာရိုက်တဲ့ နေရာကို တိုက်ရိုက် ရောက်သွားမှာ ဖြစ်ပါတယ်။ Posting ခေါင်း အောက်မှာ Create, Edi Post, Modeate -comment စသည်ဖြင့် ရှိနေတယ်။
• Create က ပိုစ့်အသစ် တွေ ဖန်တီးရေးသွင်းတာ၊
• Edit က အရင်ရေးပြီးသား ပို့စ်တွေကို ပြန်ပြင်တာ၊
Modeate က ကိုယ့်ကို သူများက ပေးလာတဲ့ မှတ်ချက်တွေကို ထိန်းသိမ်းတာပါ ။ ။
နောက် (post) မှာ ဒီအချက်သုံးကိုမူတည်ပြီးတင်ဆက်ပေးသွားပါမယ်။


Related Posts with Thumbnails
 

ဖန်းတီးရှင်-မောင်သက်©2008

ဆက်သွယ်ရန်- thettunoo95@gmail.com