ဘလော့တွင် Scroll Box ထည့်နည်း


ဒီတစ်ခါတော့ ကျွန်တော်တို့ရဲ့ ဘလော့ဂ်လေးတွေ၊ ၀က်ဘ်ဆိုဒ်လေးတွေထဲမှာ Scroll Box လေးတွေ ထည့်နည်းကို ပြောပြချင်ပါတယ်။အရင်ဆုံး ဒါလေးကို မလေ့လာခင် Scroll box လေးတွေ ဆိုတာ ဘာလဲ. ဘယ်လိုနေရာမှာ အသုံးဝင်နိုင်သလဲ ဆိုတာလေးကို အရင်စဉ်းစားကြည့်လိုက်ကြရအောင်။ခင်ဗျားက စာပိုဒ်အရှည်ကြီးတစ်ခုကို အကိုးအကားအနေနဲ့ ပြချင်တယ်. အကုန်လုံးကို ရိုက်ပြလိုက်ရင်လည်း ခင်ဗျားရဲ့ ပို့စ်က အရှည်ကြီး ဖြစ်သွားမယ်. အဲလိုမျိုးဆိုရင် ခင်ဗျားပေးချင်တဲ့ မက်ဆေ့ခ်ျကေ၀၀ါးသွားမယ်. ခင်ဗျားလုပ်ချင်တာက အဲဒီ့ အကိုးအကား စာပိုဒ်လေးကို ထည့်ပေးထားပြီး စာဖတ်သူက ဖတ်ချင်ရင် Scroll Down/Up လုပ်ပြီး ဖတ်၊ တကယ်လို့ ဓာတ်ပုံတွေ အများကြီး တင်ချင်တယ်ဆိုရင်လည်း ဒီလို Scroll box လေးထဲ ထည့်ပြီး ပြထားလိုက်ရင် ဓာတ်ပုံ အယ်လ်ဘမ် တစ်ခု ပုံစံမျိုးလေး ဖန်တီးလို့ရမယ်၊ စာဖတ်သူက ပုံတွေကို သူလိုသလို၊ ကြိုက်သလို Scroll Down/Up လုပ်ပြီး ကြည့်. ဒါမျိုးပေါ့ဗျာ။အဓိကကတော့ Space ကို အတတ်နိုင်ဆုံး ကျုံ့လိုက်ပြီး ပေးချင်တဲ့ အကြောင်းအရာကို သိသာ ထင်ရှားအောင် လုပ်ပေးတာပါပဲ။ဥပမာလေးကို ဒီမှာကြည့်ပါ.

မင်းရဲ့ ဆံနွယ်ခွေတွေထဲမှာ
တစ်ညတာလောက် အိပ်စက်ခွင့်ရမယ်ဆိုရင်


ငှက်ငယ်တွေ ၀န်းရံနေတဲ့
သစ်တစ်ပင်အဖြစ်ကိုတောင် စွန့်လွှတ်ဝံ့တယ်.


မယုံရင် ဒီမှာကြည့်စမ်း
လွမ်းလွန်းလို့ ဖြစ်လာတဲ့
မင်းအတွက် အချစ်ပန်း…

အခု ကျွန်တော်ပေးလိုက်မယ့် Coding လေးကို လေ့လာကြည့်ပါ.Your Text Here ဆိုတဲ့နေရာမှာ ကိုယ်တင်ပြချင်တဲ့ စာပိုဒ်လေး၊ ဓာတ်ပုံ စတာတွေကို ပုံမှန်အတိုင်း ရိုက်တင်၊ Upload လုပ် လုပ်ပါ။

<div style="border: 3px solid green; overflow: auto; height: 100px; width: 150px; color: black; background-color: white;">YOUR TEXT HERE</div>

Border: 3px solid green
အဲဒါလေးက ဘာပြောလဲ ဆိုတော့ Box အစိမ်းရောင်လေး တစ်ခုလုပ်မယ်. ဘောင်ကို 3 pixel အထူပေးမယ်လို့ ဆိုလိုပါတယ်. အရောင်တွေ အမျိုးမျိုး ပြောင်းယူနိုင်ပါတယ်။
height:100px , width:150px
ဒါလေးကတော့ Box လေးရဲ့ အမြင့်နဲ့ အကျယ်ကို ပြောပါတယ်. နံပါတ်လေးတွေကို လိုသလို ကစားကြည့်ပြီး ကိုယ့်စိတ်ကြိုက် Box အရွယ်အစားလေးကို ဖန်တီးယူနိုင်ပါတယ်။
color:black
အထက်ပါကတော့ Box လေးထဲမှာ ပေါ်မည့် စာသားတွေရဲ့ အရောင်ပါ။ Red, Orange, Green စသဖြင့် စိတ်ကြိုက်ပြောင်းပေးနိုင်ပါတယ်။
background-color:white
ဒါကတော့ box လေးရဲ့ နောက်ခံ Background အရောင်ပါ.ကိုယ်ရွေးချယ်တဲ့ နောက်ခံ အရောင်နဲ့ Text အရောင်ကို လိုက်ဖက်အောင် ရွေးချယ်ပေးသင့်ပါတယ်. ဥပမာ. အဖြူနောက်ခံမှာ အမည်းစာလုံးပေါ်အောင် လုပ်သလိုမျိုးပေါ့ဗျာ။အားလုံးပဲ Scholl Box လေးတွေကို လှလှပပကြီးကို လုပ်နိုင်ကြပါစေ။
Myanmar Blogger Help Desk မှတစ်ဆင့်

Related Posts with Thumbnails
 

ဖန်းတီးရှင်-မောင်သက်©2008

ဆက်သွယ်ရန်- thettunoo95@gmail.com