gmail message translation


ဒီတစ်ခါတော့ လာလည်သူညီအစ်ကိုမောင်နှမများ..အပျင်းပြေ ဗဟုသုလေးတစ်ခုမျှဝေချင်ပါတယ်။ ဘာမှတော့မဟုတ်ပါဘူး gmail နဲ့ပတ်သက်တဲ့ ဗဟုသုတလေးပါ။ သိပြီးသူများကတော့ မသိချင်ဟန်ဆောင် နေလိုက်ပေါ့နော့်..။ ဘာလဲဆိုတော့ translate message new feature လို့ဆိုရမှာပေါ့။ ဘာသာစကားတွေကို automaticaly ဘာသာပြန်ပေးတဲ့ အကြောင်းလေးပါ။ဒီဘာသာပြန်ကဏ္ဍမှာ ဘာသာစကား ၃၀ ကျော် ၄၀ လောက် ပြန်လို့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မြန်မာဘာသာတော့ မပါဘူးပေါ့ဗျာ။
တစ်ချို့ ကိုးရီးယားလို၊ ထိုင်းလိုစတဲ့ ဘာသာစကားတွေကို ကိုယ့် အီးမေးလ်မှာ လာရင် အင်္ဂလိပ်လို ဘာသာပြန်ပြီးတော့ ဖတ်လို့ရတာပေါ့။ ဒီလိုပါပဲ အင်္ဂလိပ်ကနေ တစ်ခြားဘာသာသို့ ပြန်နိုင်ပါတယ်။ webpage တွေ၊ document တွေအတွက်ဆိုရင် ဒီမှာ သွားကြည့်နိင်ပါတယ်ဗျာ။

အခုပြောတာက ကိုယ် gmail message inbox ထဲမှာ လာတဲ့ စာတွေကို ဘာသာပြန်တာပါ။ ဘယ်လိုလုပ်ရမလဲဆိုတာ… လွယ်လွယ်လေးပါ။ message in box ကို ဖွင့်လိုက်ပါ။ ပြီးရင် setting > labs>ကို နှိပ်။ အဲဒီမှာ message translation ကိုတွေ့ပါလိမ့်မယ်။ enable, disable မှာ enable ကိုရွေး၊ save change ကို နှိပ်ပြီးပါပြီ။ နောက် ကိုယ့် gmail in box ထဲမှာ အောက်မှာ ပြထားတဲ့အတိုင်း စမ်းကြည့်လိုက်ပါနော်။

ဒီကနေတစ်ဆင့် အောက်ကလို ဘာသာပြန်ချင်တဲ့ ဘာသာစကားတွေကို ရွေးယူရုံပါပဲနော့်။ဒါဆိုရင် ဘာသာတော်တော်များများ ပြန်လို့ရပါပြီဗျာ။
အားလုံးပျော်ရွှင်ပါစေ…


Related Posts with Thumbnails
 

ဖန်းတီးရှင်-မောင်သက်©2008

ဆက်သွယ်ရန်- thettunoo95@gmail.com