အင်တာနက် ပေါ်ပေါက်လာမှုသမိုင်း (၃)


ARPANET ကနေ ဖက်ဒရယ်ကွန်ရက်များ ပေါ်ပေါက်လာခြင်း
ARPA အနေနဲ့ ၎င်းရဲ့ အဓိကလုပ်ငန်းဟာ နည်းပညာသစ်များကို သုတေသနပြုလုပ် ရှာဖွေဖို့သာ ဖြစ်တာကြောင့် ARPANET ကို တခြားအဖွဲ့ အစည်းတစ်ခုဆီ လွှဲပြောင်းပေးနိုင်ဖို့ ရှာဖွေရှာခဲ့ပါတယ်။ ၁၉၇၅ ခုနှစ် ဇူလိုင်လမှာ ARPANET ကို ကာကွယ်ရေး ၀န်ကြီးဌာနလက်အောက်မှာပဲရှိတဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်သွယ်ရေး အေဂျင်စီကနေ လွှဲပြောင်းယူခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်မှာ အမေရိကန်စစ်တပ်က အသုံးပြုနေတဲ့ ARPANET ရဲ့ အစိတ်အပိုင်းကို သီးခြားခွဲထုတ်ကာ MILNET အဖြစ် တည်ထောင်ပြီး နောက်ပိုင်းမှာတော့ SIPRNET လျှို့ဝှက်ကွန်ရက်နဲ့ JWICS ထိပ်တန်းကွန်ရက် တို့နဲ့အပြိုင် အသုံးပြုတဲ့ NIPR-NET ဖြစ်လာခဲ့ပါတယ်။ NIPR-NET ဟာ အများသုံးကွန်ရက်တွေနဲ့ ချိတ်ဆက်ရာမှာ Security gateway တွေကို အသုံးပြုပါတယ်။
ARPANET ဟာ အစိုးရဆီကနေ ငွေကြေးအထောက်အပံ့ ရယူထားရတာကြောင့် စီးပွားရေးအတွက် အသုံးပြုခွင့်မရှိဘဲ သု တေသနလုပ်ငန်းတွေ အတွက်ပဲ အသုံးပြုခဲ့ရပါတယ်။ ၁၉၈၀ ပြည့် လွန်နှစ်တွေမှာတော့ စစ်ရေးနဲ့ ပညာရေးဌာနတွေသာမက ကွန်ရက်အတွင်း နည်းပညာဆိုင်ရာ အထောက်အပံ့ပေးနေပြီး သုတေသနလုပ်ငန်းတွေမှာလည်း ပါဝင်ဆောင်ရွက်နေကြတဲ့ Digital Equipment Corporation နဲ့ Hewlett-Packard တို့လည်း ပါဝင်ချိတ် ဆက်လာကြပါတယ်။ ARPA NET နောက်ပိုင်းမှာ NASA, အမေရိကန် အမျိုးသားသိပ္ပံဖောင်ဒေးရှင်း (NSF) နဲ့ စွမ်းအင်ဝန်ကြီးဌာ န (DOE) တို့ကနေ TCP/IP အခြေပြုထားတဲ့ ပထမဆုံးသော Wide Area Network တွေကို တည်ထောင်ခဲ့ကြပါတယ်။ NASA ကနေ အာကာသ သိပ္ပံပညာရှင်တွေအတွက် တစ်ကမ္ဘာလုံးမှာရှိတဲ့ သတင်းအချက်အလက်တွေ ရယူအသုံးပြုနိုင်မယ့် NASA သိပ္ပံကွန်ရက် (NSN) ကို တည်ထောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှာ DECnet အခြေပြု Space Physics Analysis Network (SPAN) နဲ့ ချိတ်ဆက်ကာ ပထမဆုံးသော multiprotocol wide area network အဖြစ် NASA Science Internet (NSI) ကို တည်ထောင်ခဲ့ပါတယ်။ NSI ဟာ ကမ္ဘာတစ်ဝန်းက သိပ္ပံပညာရှင်ပေါင်း ၂၀,၀၀၀ ကျော်ကို တစ်ဦးနဲ့ တစ်ဦး အပြန်အလှန်ချိတ်ဆက်ပြီး ကမ္ဘာမြေ၊ အာကာသနဲ့ သက်ရှိသိပ္ပံပညာရပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို သုတေသနပြုလုပ်နိုင်အောင် ဖန်တီးပေးခဲ့ပါတယ်။ ၁၉၈၄ ခုနှစ်အရောက်မှာ တော့ TCP/IP တစ်မျိုးတည်း သီးသန့်သုံးထားတဲ့ CSNET ကို ဖန်တီးပြီး ARPA-NET နဲ့ ချိတ်ဆက်ကာ တခြားရှုပ်ထွေးမှုမရှိတဲ့ ကွန်ရက်စနစ်တွေနဲ့ ပါ ချိတ်ဆက် အသုံးပြုလို့ရနိုင်အောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်မှာတော့ ဒီကွန်ရက် ဟာ စူပါကွန်ပျူတာစင်တာတွေကို ချိတ်ဆက်ပေးထားတဲ့ NSFNet backbone အဖြစ် ရောက်ရှိလာခဲ့ပါတယ်။

အင်တာနက်ကွန်ရက်ဆီသို့ အကူးအပြောင်း

အင်တာနက်ဆိုတဲ့စကားလုံးကို TCP Protocol နဲ့ ပတ်သက်ပြီး ပထမဆုံးထုတ်ပြန်တဲ့ RFC မှာ စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ARPANET နဲ့ NSFNet တို့ ချိတ်ဆက်မိတဲ့အချိန်လောက် မှာဖြစ်ပြီး TCP/IP ကို အသုံးပြုထားတဲ့ ကွန်ရက်တွေကို ယေဘုယျ ခေါ်ဆိုသုံးနှုန်းတဲ့စကားလုံး တစ်ခုအဖြစ် တွင်ကျယ်လာခဲ့တာ ဖြစ်ပါတယ်။ အစောပိုင်းကာလ တွေမှာ Internet နဲ့ Internet-work တို့ကို အပြန်အလှန်ဖလှယ် အသုံးပြုခဲ့ကြပြီး Xerox Network Services လိုမျိုး ကွန်ရက် စနစ်တွေကိုတော့ Internet protocol လို့ ခေါ်ဆိုကြပါတယ်။ ကွန်ရက်ချိတ်ဆက်အသုံးပြုမှု နဲ့ ပတ်သက်ပြီး လူအများက စိတ် ၀င်တစားရှိလာကြတဲ့အပြင် application သစ်တွေလည်း ပေါ်ထွက်လာခဲ့တာကြောင့် အင်တာနက် နည်းပညာဟာ တစ်ကမ္ဘာလုံး ပျံ့နှံ့လာခဲ့ပါတယ်။ TCP/IP ကြောင့် IPSS X.25 ကွန်ရက်တွေ ကနေ အင်တာနက်ကွန်ရက်ထဲ ချိတ်ဆက်ဝင်ရောက်အသုံးပြုနိုင်ပြီး ၁၉၈၄ ခုနှစ်မှာတော့ University College London ကနေ ၎င်းင်းရဲ့ အတ္တလန္တိတ်သမုဒ္ဒရာဖြတ်ဂြိုဟ်တု ဆက်ကြောင်းကို IPSS ကနေ တစ်ဆင့် TCP/IP စနစ်နဲ့ ပြောင်းလဲ ချိတ်ဆက်ပေးလာနိုင်ခဲ့ပါတယ်။ အစောပိုင်းမှာတော့ e-mail လိုမျိုး အများသုံး application တွေကို အင်တာနက်နဲ့ တိုက်ရိုက် ချိတ်ဆက်ပေးနိုင်ခြင်းမရှိဘဲ UUCP နဲ့ FidoNet တို့ရဲ့ gateway တွေကို ကြားခံအဖြစ် အသုံးပြုခဲ့ကြရပါတယ်။ တချို့ gateway ၀န်ဆောင်မှုတွေကတော့ ရိုးရိုး e-mail သာမက UUCP နဲ့ e-mail တို့ကို ကြားခံသုံးကာ FTP ၀က်ဘ်ဆိုက်တွေဆီ သွားရောက်ချိတ်ဆက်နိုင်အောင် လုပ်ဆောင် ပေးနိုင်ခဲ့ပါတယ်။

အင်တာနက် ဂျာနယ်မှတစ်ဆင့်


Related Posts with Thumbnails
 

ဖန်းတီးရှင်-မောင်သက်©2008

ဆက်သွယ်ရန်- thettunoo95@gmail.com